BlogDaily News

နွေနေပူမှာရွှေရင်အေးတိုက်လိုက်တဲ့ ခါရာ

todayOctober 16, 2024

မင်္ဂလာပါ ပုရိတ်သတ်ကြီးရေ အခုဆိုရင် တော့ နှခမ်းနီမလေးတွေရဲ့ အသဲစွဲ တော်လှန်မင်းသားလေး ဒေါင်း ကတော့ ကျောက်ဖုရားမှသည် ဧရာဝတီသို့ ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲထဲက ထိုင်းမင်းသမီးလေး နုချန်းနားနဲ့ တွဲနေပြီဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ် မင်းသား ဒေါင်းနဲ့ ထိုင်းမင်းသမီးလေးတို့ရဲ့ ပုံလေးတွေ ထွက်ပေါ်လာတာကြောင့် သဘောတူကြတဲ့ ပရိတ်သတ်တွေရှိသလို အသဲံကွဲနေကြတဲ့ မြန်မာအမျိုးသမီးပရိတ်သတ်တွေကလဲ ဒုနဲ့ဒေးပါပဲ ဒီလိုအချိန်မှာပဲ တော်လှန်မင်းသား သရုပ်ဆောင်ခါရာက “ကျွန်တော် ဆရာဝန်မဟုတ်ပါဘူး ဒါပေမဲ့ အသဲကွဲ နေကြတယ် ကြားလို့ ရေကူးနေရင်း ထကြည့်တာ” ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ မျှဝေလာတာပဲဖြစ်ပါတယ် ရေကူးကန်ထဲကနေ သူရဲ့ Six pack တွေနဲ့ အမိုက်စားပုံလေးတွေကိုပါ မျှဝေလာတာကြောင့် နွေပူပူမှာ ရွှေရင်အေးတစ်ခွက် သောက်လိုက်ရသလို အသဲကွဲနေတဲ့ ပရိတ်သတ်တွေရဲ့ အပူတွေကို ငြိမ်းစေနိုင်ခဲ့ပါတယ် သရုပ်ဆောင်ခါရာဟာ Mister Myanmar ဆုရ တစ်ဦးဖြစ်ပြီး သရုပ်ဆောင်မော်ဒယ်အလုပ်ကို လုပ်ကိုင်ရင်း တော်လှန်ရေးမှာ ပါဝင်ခဲ့တာကြောင့် အခုချိန်မှာ လွတ်မြောက်နယ်မြေတစ်နေရာမှာ နေထိုင်နေတာပဲဖြစ်ပါတယ် လက်ရှိမှာ ခါရာဟာ တော်လှန်ရုပ်ရှင်တွေမှာ သရုပ်ဆောင်နေတဲ့အပြင် တော်လှန်ဝင်ငွေရရှိရေး ကမ်ပိန်းတွေ မှာလဲ ပါဝင်လုပ်ကိုင်နေသလို မြန်မာကို ကမ္ဘာက သိစေချင်တဲ့ စေတနာတွေနဲ့ပထမဦးဆုံး မြန်မာ-အမေရိကန် Sitcom series တစ်ခုဖြစ်တဲ့ မြန်မာအမေရိကန် Sitcom Projectကိုလည်း ဦးဆောင်လုပ်ကိုင်နေပါတယ် သရုပ်ဆေင်ခါရာရဲ့ Sitcom Projectအကြောင်းလေးကို WinWin Entainmwnt ရဲ့ ဒီ Video လေးကနေ ကြည့်ရှုနိုင်ပါတယ် “နိုင်ငံရေးအခြေနေကြောင့် အဖက်ဖက်ကနေ နောက်ကျကျန်ရစ်နေတဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံကို သိတဲ့လူတွေတော်တော်နည်းတာကို အဝေးရောက်တော့မှ ပိုပိုသိလာတယ် တစ်ချိန်ထဲမှာပဲ လက်ရှိဖြစ်ပျက်နေတဲ့အခြေနေအခက်ခဲတွေကိုသိတဲ့လူတွေတော်တော်နည်းတယ် နိုင်ငံတကာကစိတ်ဝင်စားမှုမြင့်တက်လာအောင်ရည်ရွယ်ပြီးတော့ အုတ်တစ်ချက် သဲတစ်ပွင့် ပဲဖြစ်ဖြစ် ရှိတဲ့ အင်အားနဲ့ ဆက်လက်လုပ်ဆောင်နေကြဖို့တာ အရေးကြီးတာပါ ကျွန်တော် မြန်မာနိုင်ငံသား တစ်ယောက်ဆိုတာ ဘယ်တော့မှမေ့မှာမဟုတ်ပါဘူး” လို့ ခါရာက ဆိုပါတယ် မင်းသားခါရာဟာ သရုပ်ဆောင်အလုပ်အပြင် အချက်အပြုတ်ကိုလဲ ဝါသနာပါပါသေးတယ် သူချက်ပြုတ်နေတဲ့ Video လေးတွေကိုလဲ မျှဝေလေ့ရှိပါတယ် သရုပ်ဆောင်ခါရာဟာ မိုးကုတ်မြို့ဇာတိဖြစ်ပြီး တိုင်းပြည်ကို ချစ်တဲ့စိတ်နဲ့ မြန်မာပြည်သူတွေ လွတ်မြောက်ရေးအတွက် တတ်စွမ်းသမျှ ပါဝင်နေတဲ့ လူငယ်သရုပ်ဆောင်တစ်ဦးပဲ ဖြစ်ပါတယ် တော်လှန်အနုပညာချစ်ပရိတ်သတ်ကြီးရေ တော်လှန်ရေးမှာပါဝင်ခဲ့တဲ့ မင်းသားချောတွေထဲက တစ်ဦးဖြစ်တဲ့ သရုပ်ဆောင်ခါရာရဲ့ အကြောင်းကို တင်ဆက်ပေးလိုက်ပါတယ်နော် …

Written by: Htet Lin Ko

Previous post


Similar posts

labelDaily News todayDecember 20, 2024

“စက္ကူလေယာဥ်”ရုပ်ရှင်ပြပွဲ စင်္ကာပူမှာဒီဇင်ဘာ ၂၂ရက်နေ့

ဒီဇင်ဘာ ၂၂ရက်နေ့မှာ “စက္ကူလေယာဥ်”ရုပ်ရှင်ပြပွဲ စင်္ကာပူမှာထပ်မံပြသသွားမှာဖြစ်လို့ စင်္ကာပူကတော်လှန်မိတ်ဆွေများပူးပေါင်းပါဝင်နိုင်ကြဖို့ ထပ်မံဖိတ်ခေါ်ပါတယ်။ လက်မှတ်တွေကိုလည်း အောက်မှာဖော်ပြထားတဲ့လင့်မှဝယ်ယူနိုင်သလိုပြသတဲ့နေ့ရုပ်ရှင်ရုံ မှာလည်းတိုက်ရိုက်ဝယ်ယူနိုင်ပါတယ်။ ရုပ်ရှင်ကလာမည့် ဒီဇင်ဘာ ၂၂ရက်(တနင်္ဂနွေနေ့)၊ နေ့လည်၁၂နာရီခွဲအချိန်မှာ စင်္ကာပူနိုင်ငံ၊ Carnival ရုပ်ရှင်ရုံမှာ ပြသသွားမှာဖြစ်ပါတယ်။ လက်မှတ်ဝယ်ယူရန်                                                                                                     https://carnivalcinemas.sg/… Photo Credit: Shwe TV

Read more

labelDaily News todayDecember 20, 2024

Art of Universe မှMedical Coverအတွက် ကားတစ်စီးလှူဒါန်း။

ဒီဇင်ဘာ၂၀၊၂၀၂၄။ Art of Universe မှ မြောင်နယ် ၊ မြင်းခြံနယ်တို့ကို Medical Cover ပေးနေသော Justice for freedom ဆေးအဖွဲ့အတွက် ကျပ်သိန်း ၂၅၀ တန်ဖိုးရှိ ကားတစ်စီး လှူဒါန်းခဲ့ကြောင်း Art of Universe ရဲ့ Facebook Page မှတဆင့် ပရိသတ်ကို အသိပေးထားပါတယ်။ “Medical Cover အတွက်လိုအပ်နေလျက်ရှိတဲ့ ကားလေးကို ဖြည့်ဆည်းပေးနိုင်တဲ့ အတွက် ဆေးကုသရေးလုပ်ငန်းမှာ အထောက်အကူအများကြီးဖြစ်မယ်လို့ မျှော်လင့်” ကြောင်း Art of Universe အဖွဲ့သားတွေကပြောပါတယ်။ Photo Credit: Art of Universe

Read more

Post comments (0)

Leave a reply

Your email address will not be published. Required fields are marked *

© 2025 Win Win Entertainment. All Rights Reserved.

Facebook | Youtube