Uncategorized

Fight Delta Fight တော်လှန်ရုပ်ရှင်ဇာတ်ကားပြသရေးနှင့် Win Win Entertainment Channel မိတ်ဆက်ပွဲ

todayOctober 28, 2024

Fight Delta Fight တော်လှန်ရုပ်ရှင်ဇာတ်ကားပြသရေးနှင့် Win Win Entertainment Channel မိတ်ဆက်ပွဲတခု ချင်းမိုင်မှာ ပြုလုပ်ခဲ့

ဧရာ၀တီတိုင်း တပ်ရင်းတပ်ဖွဲ့များအတွက် ရန်ပုံငွေရှာဖွေရေးနှင့် ကူညီထောက်ပံ့နိုင်ရေးအတွက် ရည်ရွယ်ရိုက်ကူးထားတဲ့ Fight Delta Fight ရုပ်ရှင်ဇာတ်ကား ပြသရေးမိတ်ဆက်ပွဲနှင့် Win Win Entertainment Channel မိတ်ဆက်ခြင်း အခမ်းအနား တခု ကို ချင်းမိုင်မြို့မှာ အောက်တိုဘာ ၂၇ ရက်နေ့ က ပြုလုပ်ခဲ့ပါတယ် ။

အဆိုပါမိတ်ဆက်ပွဲအခမ်းအနား မှာ လာမည့် ဒီဇင်ဘာလမှစတင်ကာ စင်င်္ကာပူ မလေးရှား ထိုင်းနှင့် တခြားသော နိုင်ငံအသီးသီးမှာ ပြသရေးအတွက် လုပ်ဆောင်ပြင်ဆင်နေတဲ့အကြောင်းအရာ များနှင့် ပတ်သတ်ပြီး လည်း မိတ်ဆက်ပြောကြားခဲ့ကြပါတယ် ။

လူငယ်အင်အားစုတွေပေါင်းစည်းဆောင်ရွက်နေတဲ့ Win Win Entertainment Channel အကြောင်းကိုလည်း မိတ်ဆက်ခဲ့ကြပြီး တော်လှန်ရေးကာလအတွင်း အနုပညာဖျော်ဖြေရေး အစီအစဉ်ပေါင်းများစွာ ရိုက်ကူးထုတ်လုပ်တင်ဆက်နေတဲ့ Entertainment Channel တခု အဖြစ်ပြင်ဆင်လုပ်ဆောင်နေကြတယ်ဆိုတာကိုလည်း သိရပါတယ် ။

ရုပ်သံအစီအစဉ်ပေါင်းများစွာနှင့်အတူ TV show များ ၊ ရုပ်ရှင် သဘင် ဂီတနှင့် သက်ဆိုင်တဲ့ အစီအစဉ်ပေါင်းများစွာနှင့် အတူ တော်လှန်ရေးကာလ အတွင်း ရုန်းကန်ရှင်သန်ခဲ့ကြတဲ့ လူငယ်တွေ ရဲ့ ဘ၀မှတ်တမ်းပေါင်းများစွာကို လည်းပေါင်းစည်းတင်ဆက်သွားမယ်လို့ သိရပါတယ် ။

Win Win Entertainment ကနေ တော်လှန်ရေးရုပ်ရှင်များနှင့် ပတ်သတ်သော ရုပ်ရှင်များကို နိုင်ငံတကာ ပြသရေးအဖွဲ့များနှင့်ပူးပေါင်းစီစဉ်ဆောင်ရွက်ပေးနေလျက်ရှိပြီး လက်တလော မှာ Zoomer ရုပ်ရှုင်ဇာတ်ကား နှင့် Fight Delta Fight ရုပ်ရှင်ဇာတ်ကား တို့ကို စီစဉ်ဆောင်ရွက်ပေး လျက် ရှိတယ်လို့ ဆိုပါတယ် ။

#DDay#phonesettthwin

#yoonmaung#myatminkhant#winwinentertainment

Written by: Phyu Lynn

Previous post

labelUncategorized todayOctober 28, 2024

တော်လှန်ရေး ရဲ့ ပဲ့တင့်သံများ – Echoes of Uprising Reality Show ( Episode 1 )

တော်လှန်ရေး ရဲ့ ပဲ့တင့်သံများ – Echoes of Uprising Reality Show ( Episode 1 ) တော်လှန်ရေး ရဲ့ ပဲ့တင့်သံများ အစီအစဉ် ကို လူငယ်အနုပညာရှင်များ၏ ဖန်တီးမှု ဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံများ နှင့် လူငယ့်အသံအစီအစဉ်များကို တင်ဆက်ထားတဲ့အစီအစဉ်လေး ဖြစ်ပါတယ် ။ လူငယ်အနုပညာရှင်များ ဖြစ်တဲ့ ကိုဘုန်းဆက်သွင် ၊ ကိုမြတ်မင်းခန့် ၊ ကိုယွန်းမောင် တို့နှင့်အတူ ကျွန်တော်တို့ Win-Win Entertainment ရဲ့ production [...]

Read more


Similar posts

labelUncategorized todayNovember 30, 2024

Live session in Paris Ticket number လေးတွေဖြင့် မဲဖောက်ပေးမည်။

နိုဝင်ဘာ၃၀၊၂၀၂၄။ ဒီဇင်ဘာ ၂၁ မှာကျင်းပမည့် အဆိုတော်ကျားပေါက်ရဲ့  LIVE SESSION IN PARIS Streamingရဲ့  ticket number လေးတွေကို ပြန်လည်မဲဖောက်ပေးသွားမှာဖြစ်ပါတယ်။ ဆုမဲတွေအဖြစ် Doodle T shirts နဲ့ လက်မှတ်ထိုးထားတဲ့ The Odyssey စာအုပ် တွေ ပြန်လည် မဲဖောက်ပေးသွားမှာဖြစ်တယ်လို့ အဆိုတော်ကျားပေါက်က Facebook လူမှုကွန်ရက် စာမျက်နှာ ကတဆင့် ပရိသတ်တွေကို အသိပေးထားပါတယ်။ လက်မှတ်ဝယ်ယူထားသူတွေအနေနဲ့ kyarpauk website မှာ ၂ ပါတ်အတွင်း အတွင်း ၃ ခါ ပြန်ကြည့်လို့ရမှာဖြစ်ပြီး ဇန်နဝါရီလ ၇ ရက်နေ့အထိ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ လက်မှတ်မဝယ်ယူရသေးတဲ့ ပရိသတ်တွေအတွက်လဲ လက်မှတ်တွေ ဆက်လက်ရောင်းချပေးနေပြီး ဝယ်ယူလိုတဲ့ပရိသတ်တွေအနေနဲ့ Bipolarbear Facebook page [...]

Read more

labelUncategorized todayNovember 28, 2024

Actor Announcement for Win-Win Entertainment

Actor Announcement for Win-Win Entertainment လေးစားချစ်ခင်ရပါသော Win-Win Entertainment ပရိသတ်များအားလုံး အတွက် အသိပေးကြေငြာစရာလေး ရှိပါတယ်ခင်ဗျာ ။ ကျွန်တော်တို့ Channel အနေနဲ့ လာမယ့် ဒီဇင်ဘာမှာ အစီအစဉ်သစ်များစွာ တင်ဆက်သွားမှာဖြစ်ပါတယ်။ Win-Win Entertainment မှ တင်ဆက်မည့် အစီအစဉ်များစွာ တွင် အားလုံးလေးစားချစ်ခင်ရတဲ့ မတရားမှုအတွက် အခုချိန်ထိ တော်လှန်ဆန့်ကျင်နေဆဲ ဖြစ်သည့် သရုပ်ဆောင် Phone Sett Thwin – ဘုန္းဆက္သြင္ နှင့် ပူးပေါင်းပြီး ထုတ်လွှင့်တင်ဆက်မှုများအတွက် ပြင်ဆင်နေလျက်ရှိပါတယ်။ ဘယ်လို အစီအစဉ် ဘယ်လိုတင်ဆက်မှုတွေကို ဖန်တီး ပြီး ထုတ်လွှင့်သွားမည်ဆိုသည့်အကြောင်းအရာများကို လည်း ဆက်လက်ပြီး စဉ်ဆက်မပြတ် တင်ပေးသွားမှာဖြစ်တဲ့အတွက် စောင့်မျှော်အားပေးကြဖို့လည်း တိုက်တွန်းလိုပါတယ်။ ကျွန်တော်တို့ Win-Win [...]

Read more

© 2025 Win Win Entertainment. All Rights Reserved.

Facebook | Youtube