Journey to freedom _ လွပ်လပ်ခြင်းဆီသို့ David Lai
Journey to freedom _ လွပ်လပ်ခြင်းဆီသို့ David Lai တော်လှန်ရေးခရီးက ကြန့်ကြာလာတာနဲ့အမျှ ကြိုသိနှင့်ပြီးသားဖြစ်တဲ့ (သို့) ဘယ်သူမှမလိုချင်တဲ့ စည်းလုံးမှုယိုင်နဲ့လာတာ၊ ပုဂ္ဂိုလ်ရေးအကျိုးစီးပွါးကစလို့ လူမျိုးနွယ်စုတွေကြား ပဋိပက္ခတွေ၊ တော်လှန်ရေးအင်အားစုတွေ အချင်းချင်းအားပြိုင်တာတွေဟာ ခပ်စေ့စေ့ဖြစ်လာတယ်။ ကြားလို့မကောင်းဆုံးကတော့ အဖွဲ့အစည်းအချင်းချင်း ပွတ်တိုက်မှုတွေကြောင့် တော်လှန်ရဲဘော်တွေရဲ့ကျဆုံးရတာပါပဲ။ ဘယ်ရဲဘော်မှ အချင်းချင်းတိုက်ခိုက်ဖို့အတွက် လက်နက်ကိုင်ကြတာလို့မထင်ပါဘူး။ ကျနော်လည်းတခါခါစဉ်းစားမိတယ် “I didn’t sign for this stupidness” လို့။ ပိုပြီးတော့စိတ်မကောင်းဖြစ်မိတာက အဆိပ်အတောက်ဖြစ်စေတဲ့ အတွေးအခေါ် (ideology) ၊ အမုန်းတရားကိုအခြေခံတဲ့ [...]