အဆိုတော် ဒေးဗစ်လိုင် ရဲ့ ရန်ပုံငွေဂီတဖျော်ဖြေပွဲ Stavanger တွင်ပြုလုပ်မည်။
နိုဝင်ဘာ၂၀၊၂၀၂၄။ ချင်းတိုင်းရင်းသားအဆိုတော် ဒေးဗစ်လိုင်ရဲ့ ဂီတဖျော်ဖြေပွဲကို လာမယ့် နိုဝင်ဘာ ၂၃ရက်(စနေနေ့)မှာ နော်ဝေနိုင်ငံ၊ Stavanger မြို့မှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။ ပွဲလက်မှတ်တွေကို www.chin-ep.net တွင်ရောင်းချပေးနေပြီး ရရှိလာတဲ့ ရန်ပုံငွေတွေကိုတော့ လက်ရှိ အိန္ဒိယနိုင်ငံအတွင်းရောက်ရှိနေတဲ့ ချင်းစစ်ဘေးဒုက္ခသည်များထံ ပြန်လည် ထောက်ပံ့ပေး သွားမှာဖြစ်တယ်လို့သိရပါတယ်။ အဆိုတော် ဒေးဗစ်လိုင်ကတော့ Stavanger နဲ့အနီးတစ်ဝိုက်က မိတ်ဆွေများ လာရောက်အားပေးကြဖို့ သူ့ရဲ့ Facebook စာမျက်နှာကနေ ဖိတ်ခေါ်ထားပါတယ်။ #DavidLai #win_win_entertainment #အနုပညာကိုအကျဉ်းချမရ