“လေယာဉ်တွေမြင်တဲ့အခါ” ပြပွဲ SOME SPACE Galleryတွင် ပြုလုပ်မည်။
နိုဝင်ဘာ ၂၀၊၂၀၂၄။ “လေယာဉ်တွေမြင်တဲ့အခါ” ပြပွဲကို လာမည့် ဒီဇင်ဘာလ ၅ရက်နေ့မှ ၁၅ရက်နေ့အထိ ချင်းမိုင်မြို့ ၊ SOME SPACE Gallery မှာ ဒုတိယအကြိမ်မြောက် ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။ ဒီပြပွဲဟာမြန်မာနိုင်ငံရဲ့ အပြစ်မဲ့ပြည်သူတွေအပေါ် ထိုးစစ်ဆင်နေတဲ့ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို မီးမောင်းထိုးပြနိုင်ရန်နှင့် အသက်ဆုံးရှုံးခဲ့တဲ့ ပြည်သူတွေနဲ့ အခက် အခဲတွေကြားက ကြိုစားရှင်သန်နေကြတဲ့ ဘဝပုံရိပ်တွေကို ပြသသွားမှာဖြစ်ပါတယ်။ ဒါ့အပြင် သတင်းဓါတ်ပုံဆရာ တွေ၊ ပန်းချီပညာရှင်တွေ၊ ရုပ်ရှင်သဘင် ပညာသည်တွေ၊ animation နဲ့ graphic အနုပညာရှင်တွေ၊ ဖျော်ဖြေတင်ဆက်မှု [...]