Artist ArticlesProfileUncategorized

ကြွေလွှင့် စောခဲ့ရသူ အနုပညာကြယ်တပွင့် မွေးနေ့

todayNovember 25, 2024

Background

အခု နိုဝင်ဘာ (၂၆)ရက်နေ့ဟာမြန်မာပြည်ခေတ်သစ်ဂီတလောကရဲ့ အလွန်ရှားပါးလှတဲ့ ဂီတသမားတစ်ယောက် လူ့လောကထဲရောက်လာတာ (၃၆)နှစ်မြောက်မွေးနေ့ ဖြစ်ပါတယ် ။

Raymond သည် ဂီတနယ်၌ ကျော်ကြားသူများဖြစ်သည့် တေးရေးတေးဆို စောခူဆဲနှင့် အဆိုတော် ခင်မြတ်မွန်တို့မှ ၁၉၈၈ ခု၌ ရန်ကုန်၌ မွေးဖွားခဲ့ပြီး ငယ်အမည်မှာ တွတ်ပီ ဖြစ်ပါတယ်။ မွေးချင်းညီမ တဦးရှိပြီး မိခင်ဖြစ်သူရဲ့စောင့်ရှောက်မှုဖြင့် ကြီးပြင်းလာသောလူငယ်တဦးဖြစ်ပါတယ်။

Raymond သည် ၂၀၀၂ ခုနှစ်တွင် ဂီတလောကကို ဝင်ရောက်ခဲ့သူဖြစ်ပါသည်။ ၂၀၀၅ ခုနှစ်တွင် အီးဒီးရော့တ်စ် (Idiots) အမည်ရှိ ရော့ခ်ဂီတဝိုင်းကို ကိုဖိုးလုံး၊ ကိုဂျပန်၊ ကိုအောင်ရဲ တို့နှင့်အတူ ပူးပေါင်းတည်ထောင်ခဲ့ပြီး ရေမွန်က ဂစ်တာနှင့်တေးဆိုအဖြစ် ပါဝင်ခဲ့သူဖြစ်ပါတယ်။ ရေမွန်သည် ဂီတအမျိုးအစားမရွေးနားဆင်တတ်သူဖြစ်ပြီး ရပ်ပ်ပါ (Rapper) ဂျေးမီ (J Me) ၏ သီချင်းဖြစ်သော မငိုနဲ့တော့ သီချင်းတွင်လည်း ပါဝင်အားဖြည့်သီဆိုခဲ့သေးသူဖြစ်ပါတယ်။

အက်ဆိုင်အာ ရော့ခ်ဟောက်စ် (SIR Rock House) အမည်အောက်တွင် အီးဒီးရော့တ်စ်၊ ရီဇင်န် (Reason)၊ ဝမ့်တက်ဒ် (Wanted)၊ ဘစ်ဂ်ဘက်ဂ်ဟူသော ရော့ခ်အနွယ်ဝင် ဂီတဝိုင်းများ ပေါင်းကာ ရှိုးပွဲများ၊ သီချင်းခွေများ ထုတ်ဝေနိုင်ခဲ့ပါတယ်။

အီးဒီးရော့တ်စ်အဖွဲ့နှင့် ၂၀၁၁ ခုနှစ်တွင် လူအဂီတ ၊ ၂၀၁၆ ခုနှစ်တွင် ခေတ်သစ်ကျောက် တေးစီးရီးများ ထုတ်ဝေခဲ့သူဖြစ်ပါတယ်။ ဘာလို နေသေးလဲ၊ ချန်ခဲ့၊ ဝမ်းနည်းတတ်တဲ့ချစ်သူ၊ ဆုလာဘ်၊ မင်းနဲ့နီးဖို့ နှင့် တခန်းရပ် သုံ့ပန်း စတဲ့ သီချင်းများမှာ လူကြိုက်များခဲ့ကြပြီး ဒီနေ့အချိန်ထိ တန်ဖိုးထားသီဆိုနေကြဆဲဖြစ်ပါတယ်။

ကျားပေါက် ၊ ဟန်နေတာ နဲ့ နိုဗန်ထူးတို့ပါဝင်သရုပ်ဆောင်ထားပြီး လူုကြိုက်များခဲ့တဲ့ Headshot သီချင်းက ရေမွန်ဖန်တီးခဲ့တဲ့ နောက်ဆုံးလက်ရာ ဖြစ်ပါတယ်။အဆိုပါသီချင်းမှာ မြန်မာစစ်တပ်ရဲ့ အနိုင်ကျင့်မှုများနှင့် ပြည်သူများရဲ့ ရဲရင့်သော ဆန္ဒပြမှုများကို မီးမောင်းထိုးပြခဲ့တဲ့ သီချင်းဖြစ်ပါတယ်။

2021 ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်တွင် သူသည် လူကိုယ်တိုင် လူထုစုဝေးပွဲများတွင်သာမက ဆိုရှယ်မီဒီယာမှတဆင့် အာဏာသိမ်းမှုဆန့်ကျင်ရေးလှုပ်ရှားမှုတွင် ပါဝင်ခဲ့သည်။ စစ်တပ်အာဏာသိမ်းမှုကို ရှုတ်ချကာ ဖေဖော်ဝါရီလတွင် စတင်ကာ ဆန္ဒပြမှုများတွင် ပါဝင်ခဲ့သူဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် ဧပြီလတွင် စစ်အာဏာသိမ်းမှုအား ဆန့်ကျင်ပြောဆိုရန်အတွက် မြန်မာနိုင်ငံ ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က) အရ ဖမ်းဝရမ်းထုတ်ခံခဲ့ရပြီး ငြိမ်းချမ်းရေး နှင့် တည်ငြိမ်ရေးကို နှောင့်ယှက်ရန် လှုံ့ဆော်မှုတို့ဖြင့် တရားစွဲဆိုခြင်း ခံခဲ့ရသည်။

နိုင်ငံတော်အကြည်ညိုပျက်စေမှု၊ ၅၀၅ (က) ဖြင့် ဖမ်းမိန့် အထုတ်ခံရသည်တွင် လွတ်မြောက်နယ်မြေ ခေါ်သော တော်လှန်ရေးအင်အားစုတို့ရှိရာသို့ ရောက်ရှိနေထိုင်ခဲ့ပြီး ကရင်ပြည်နယ်ရှိ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ ထိန်းချုပ်ထားသော နယ်မြေတွင် 2021 ခုနှစ် ဇွန်လ 23 ရက်နေ့တွင် ကွယ်လွန်ခဲ့ရသည်။ သူ၏ ဈာပနကို ၂၀၂၁ ခုနှစ် ဇွန်လ ၂၅ ရက်နေ့တွင် ကေအဲန်ယူ တပ်မဟာ ၆ နယ်မြေ ဝေလဟိကလောကျေးရွာ သုသာန်တွင် ကျင်းပပြုလုပ်ခဲ့ကြပါတယ်။

ရေမွန်အမှတ်တရအနေဖြင့်၊ “Raymond Tree” ကမ်ပိန်းကို 27 ဇွန် 2021 တွင်စတင်ခဲ့ပြီး ဒီနေ့လိုနေ့လေး မှာ အမှတ်ရသူတွေအနေနဲ့ Raymond Tree ဆီသို့သွားရောက်ဂုဏ်ပြုနေကြဆဲဖြစ်ပါတယ်။

, ,

တေးရေးဆရာ စံပီးကလည်း “ ဒီဘက်ခေတ် မြန်မာပြည်ရဲ့ ဂီတသမိုင်းကို ရေးသား မှတ်တမ်းတင်ရမယ်ဆိုရင် သူလိုလူဟာ ခေတ်တခေတ်အတွက် အရေးပါတဲ့ ဒေါက်တိုင် တခုလို့တောင် တင်စားလို့ရမယ့် တကယ့် အနုပညာရှင်စစ်စစ်၊ တေးရေးဆရာ၊ အဆိုတော် တယောက်ပါ ”
“ကျနော်တို့နဲ့ နားမယဉ်သေးတဲ့ ဂီတ အမျိုးအစားတွေကိုတောင် ကြိုက်တတ်လာအောင် မြန်မာပြည်ကို မိတ်ဆက်ပေးနိုင်ခဲ့တဲ့ သူတယောက်၊ ဒီလို လူတယောက်ဟာ တခေတ်မှာ တယောက်လောက်ပဲ မွေးဖွားလာတတ်တာမျိုးပါ။ ဒီလိုမျိုး အနုပညာရှင်တယောက် မြန်မာနိုင်ငံက ပိုင်ဆိုင်ခဲ့ရလို့ အရမ်းဂုဏ်ယူတယ်”လို့ ရေးသားဂုဏ်ပြုခဲ့ပါသေးတယ်။

မြန်မာနိုင်ငံဟာ ပုံမှန်အတိုင်းသာ လည်ပတ်နေမယ်ဆိုရင် ရေမွန်ဟာ သေစရာ မလိုတဲ့သူ တယောက်ဖြစ်ပြီး လက်ရှိအချိန်မှာ သူတန်ဖိုးထားတဲ့ အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်နေဦးမယ့် အဖိုးတန်လူသားတယောက်အဖြစ် ရှိနေဆဲဖြစ်မှာပါ။ ကောင်းမွန်ရာဘုံဘ၀မှာ တန်ဖိုးထားရတဲ့အနုပညာအလုပ်တွေနဲ့အတူ ငြိမ်းချမ်းနေပါစေလို့ ကျွန်တော်တို့ Win Win ENtertainment အဖွဲ့သားများ က မွေးနေ့အမှတ်တရ ဂုဏ်ပြုရင်း တင်ဆက်လိုက်ရပါတယ်ခင်ဗျာ။

Happy Birthday ပါ ကိုရေမွန် ……………..

, ,

Written by: Phyu Lynn

Previous post

labelDaily News todayNovember 23, 2024

လန်ဒန်ရုပ်ရှင်ပြပွဲအတွက် ပွဲစီစဉ်သူများကြေငြာ

နိုဝင်ဘာ၂၃၊၂၀၂၄။ လန်ဒန်မှာ လာမယ့် ဒီဇင်ဘာလ ၇ရက် နေ့လည် ၁၂နာရီမှာ ရုပ်ရှင်ကားတစ်ကား ပြသသွား ဖို့ရှိပါတယ်။ ပွဲစီစဉ်သူတွေကတော့ ပြသမယ့်ကားကို ကြေငြာခြင်းမရှိသေးဘဲ ပြသမယ့် ရက်နဲ့ အချိန်ကိုသာ ပရိ သတ်ကိုအသိပေးထားတာဖြစ်ပါတယ်။ လန်ဒန်ကတော်လှန်ပရိသတ်တွေအနေနဲ့ လက်ရှိကမ္ဘာနိုင်ငံအ သီးသီးက မြန်မာပြည်သူတွေရှိရာ လှည့်လည်ပြသနေတဲ့ တော်လှန်ရုပ်ရှင်ကားတွေထဲက ဘယ်ရုပ်ရှင် ကားဖြစ်မလဲဆိုတာ ရင်ခုန်စွာနဲ့ စောင့်မျှော်အားပေးကြရတော့မှာဖြစ်ပါတယ်။ #RevolutionFilm #win_win_entertainment

Read more


Similar posts

labelUncategorized todayNovember 30, 2024

Live session in Paris Ticket number လေးတွေဖြင့် မဲဖောက်ပေးမည်။

နိုဝင်ဘာ၃၀၊၂၀၂၄။ ဒီဇင်ဘာ ၂၁ မှာကျင်းပမည့် အဆိုတော်ကျားပေါက်ရဲ့  LIVE SESSION IN PARIS Streamingရဲ့  ticket number လေးတွေကို ပြန်လည်မဲဖောက်ပေးသွားမှာဖြစ်ပါတယ်။ ဆုမဲတွေအဖြစ် Doodle T shirts နဲ့ လက်မှတ်ထိုးထားတဲ့ The Odyssey စာအုပ် တွေ ပြန်လည် မဲဖောက်ပေးသွားမှာဖြစ်တယ်လို့ အဆိုတော်ကျားပေါက်က Facebook လူမှုကွန်ရက် စာမျက်နှာ ကတဆင့် ပရိသတ်တွေကို အသိပေးထားပါတယ်။ လက်မှတ်ဝယ်ယူထားသူတွေအနေနဲ့ kyarpauk website မှာ ၂ ပါတ်အတွင်း အတွင်း ၃ ခါ ပြန်ကြည့်လို့ရမှာဖြစ်ပြီး ဇန်နဝါရီလ ၇ ရက်နေ့အထိ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ လက်မှတ်မဝယ်ယူရသေးတဲ့ ပရိသတ်တွေအတွက်လဲ လက်မှတ်တွေ ဆက်လက်ရောင်းချပေးနေပြီး ဝယ်ယူလိုတဲ့ပရိသတ်တွေအနေနဲ့ Bipolarbear Facebook page [...]

Read more

labelUncategorized todayNovember 28, 2024

Actor Announcement for Win-Win Entertainment

Actor Announcement for Win-Win Entertainment လေးစားချစ်ခင်ရပါသော Win-Win Entertainment ပရိသတ်များအားလုံး အတွက် အသိပေးကြေငြာစရာလေး ရှိပါတယ်ခင်ဗျာ ။ ကျွန်တော်တို့ Channel အနေနဲ့ လာမယ့် ဒီဇင်ဘာမှာ အစီအစဉ်သစ်များစွာ တင်ဆက်သွားမှာဖြစ်ပါတယ်။ Win-Win Entertainment မှ တင်ဆက်မည့် အစီအစဉ်များစွာ တွင် အားလုံးလေးစားချစ်ခင်ရတဲ့ မတရားမှုအတွက် အခုချိန်ထိ တော်လှန်ဆန့်ကျင်နေဆဲ ဖြစ်သည့် သရုပ်ဆောင် Phone Sett Thwin – ဘုန္းဆက္သြင္ နှင့် ပူးပေါင်းပြီး ထုတ်လွှင့်တင်ဆက်မှုများအတွက် ပြင်ဆင်နေလျက်ရှိပါတယ်။ ဘယ်လို အစီအစဉ် ဘယ်လိုတင်ဆက်မှုတွေကို ဖန်တီး ပြီး ထုတ်လွှင့်သွားမည်ဆိုသည့်အကြောင်းအရာများကို လည်း ဆက်လက်ပြီး စဉ်ဆက်မပြတ် တင်ပေးသွားမှာဖြစ်တဲ့အတွက် စောင့်မျှော်အားပေးကြဖို့လည်း တိုက်တွန်းလိုပါတယ်။ ကျွန်တော်တို့ Win-Win [...]

Read more

Post comments (0)

Leave a reply

Your email address will not be published. Required fields are marked *

© 2025 Win Win Entertainment. All Rights Reserved.

Facebook | Youtube