Daily News

Fight Delta Fight ရုပ်ရှင်ပြပွဲနှင့်အတူ အမှတ်တရ TShirtများ ရောင်းချမည်။

todayNovember 30, 2024

နိုဝင်ဘာ၃၀၊၂၀၂၄။

Fight Delta Fight ရုပ်ရှင်ကို မနက်ဖြန် ဒီဇင်ဘာလ ၁ရက်နေ့ စင်္ကာပူက Carnival ရုပ်ရှင်ရုံမှာမှာ ပြသသွားတော့မှာဖြစ်ပြီး FDF အမှတ်တရ TShirt လေးတွေကို ရောင်းချပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

T Shirt လေးကို အမဲရောင်တစ်မျိုးတည်းသာ ထုတ်လုပ်ထားကာ Premium Quality ချည်သားကို အသုံးပြုထားတဲ့အပြင်ရွေးချယ်စရာ Size အမျိုးမျိုး ရှိတာကြောင့် မိမိခန္ဒာကိုယ်အချိုးအစားအလိုက် စိတ်တိုင်းကျ ရွေးချယ်ဝတ်ဆင်နိုင်မှာ ဖြစ်ပါတယ်။

တော်လှန်မျက်နှာသစ် အနုပညာရှင်များ ဖန်တီးတင်ဆက်ထားတဲ့ ဇာတ်ကားဖြစ်တဲ့အတွက် လည်း ဒီလို အနုပညာကို လက်ဆင့်ကမ်းဝေမျှချင်ကြတဲ့ သူတွေအနေနဲ့ ဝန်းရံပေးကြဖို့နှင့်လူငယ်တွေအားလုံးရဲ့ ဖန်တီးမှုတွေ၊တော်လှန်လိုစိတ်တွေနဲ့ ပါဝင်ပုံဖော်ကြထား ဇာတ်ကား ဖြစ်လို့ ပြည်သူတွေရဲ့ ချစ်ခြင်း တွေအပြည့်အ၀ ရရှိမယ်လို့ မျှော်လင့်ထားကြောင်း ရုပ်ရှင်အဖွဲ့သားတွေကဆိုပါတယ်။

လက်မှတ်မဝယ်ယူရသေးတဲ့ တော်လှန်မိတ်ဆွေတွေအနေနဲ့ လက်မှတ်လေးတွေဝယ်ယူအားပေးနိုင်ပြီး နဲ့ လက်မှတ်မဝယ်ယူရသေးတဲ့သူတွေအနေနဲ့လည်း မနက်ဖြန်ရုပ်ရှင်ရုံမှာ တိုက်ရိုက်ဝယ်ယူလို့ရပြီ ဖြစ်ပါတယ်။

စင်္ကာပူကတော်လှန်ပရိသတ်တွေအနေနဲ့ မနက်ဖြန် ဒီဇင်ဘာလ၁ရက်နေ့မှာ ရုပ်ရှင်လည်းကြည့်ရင်း အမှတ်တရ TShirt လေးတွေကိုလဲ အားပေး နိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ရပါတယ်။

လက်မှတ်ဝယ်ယူရန်

https://carnivalcinemas.sg/…
https://www.facebook.com/MyanmaMillennials
https://www.facebook.com/cdmforourpeople
https://www.facebook.com/springrayruby2021
https://www.facebook.com/profile.php?id=61552584795777…
https://www.facebook.com/Lynnnyilay

နေ့ရက်: ဒီဇင်ဘာလ ၁ ရက်(တနင်္ဂနွေနေ့)

ပွဲချိန်: နေ့လည် ၂ နာရီတစ်ပွဲတည်းသာ

နေရာ: Carnival ရုပ်ရှင်ရုံ (Golden Mile Tower)

Censor: NC16 (အသက် ၁၆ နှစ်ပြည့်သူများ အတွက်သာ)

Action | Drama | Thriller

Written by: Htet Lin Ko

Previous post

labelUncategorized todayNovember 28, 2024

Actor Announcement for Win-Win Entertainment

Actor Announcement for Win-Win Entertainment လေးစားချစ်ခင်ရပါသော Win-Win Entertainment ပရိသတ်များအားလုံး အတွက် အသိပေးကြေငြာစရာလေး ရှိပါတယ်ခင်ဗျာ ။ ကျွန်တော်တို့ Channel အနေနဲ့ လာမယ့် ဒီဇင်ဘာမှာ အစီအစဉ်သစ်များစွာ တင်ဆက်သွားမှာဖြစ်ပါတယ်။ Win-Win Entertainment မှ တင်ဆက်မည့် အစီအစဉ်များစွာ တွင် အားလုံးလေးစားချစ်ခင်ရတဲ့ မတရားမှုအတွက် အခုချိန်ထိ တော်လှန်ဆန့်ကျင်နေဆဲ ဖြစ်သည့် သရုပ်ဆောင် Phone Sett Thwin – ဘုန္းဆက္သြင္ နှင့် ပူးပေါင်းပြီး ထုတ်လွှင့်တင်ဆက်မှုများအတွက် [...]

Read more


Similar posts

labelDaily News todayDecember 20, 2024

“စက္ကူလေယာဥ်”ရုပ်ရှင်ပြပွဲ စင်္ကာပူမှာဒီဇင်ဘာ ၂၂ရက်နေ့

ဒီဇင်ဘာ ၂၂ရက်နေ့မှာ “စက္ကူလေယာဥ်”ရုပ်ရှင်ပြပွဲ စင်္ကာပူမှာထပ်မံပြသသွားမှာဖြစ်လို့ စင်္ကာပူကတော်လှန်မိတ်ဆွေများပူးပေါင်းပါဝင်နိုင်ကြဖို့ ထပ်မံဖိတ်ခေါ်ပါတယ်။ လက်မှတ်တွေကိုလည်း အောက်မှာဖော်ပြထားတဲ့လင့်မှဝယ်ယူနိုင်သလိုပြသတဲ့နေ့ရုပ်ရှင်ရုံ မှာလည်းတိုက်ရိုက်ဝယ်ယူနိုင်ပါတယ်။ ရုပ်ရှင်ကလာမည့် ဒီဇင်ဘာ ၂၂ရက်(တနင်္ဂနွေနေ့)၊ နေ့လည်၁၂နာရီခွဲအချိန်မှာ စင်္ကာပူနိုင်ငံ၊ Carnival ရုပ်ရှင်ရုံမှာ ပြသသွားမှာဖြစ်ပါတယ်။ လက်မှတ်ဝယ်ယူရန်                                                                                                     https://carnivalcinemas.sg/… Photo Credit: Shwe TV

Read more

labelDaily News todayDecember 20, 2024

Art of Universe မှMedical Coverအတွက် ကားတစ်စီးလှူဒါန်း။

ဒီဇင်ဘာ၂၀၊၂၀၂၄။ Art of Universe မှ မြောင်နယ် ၊ မြင်းခြံနယ်တို့ကို Medical Cover ပေးနေသော Justice for freedom ဆေးအဖွဲ့အတွက် ကျပ်သိန်း ၂၅၀ တန်ဖိုးရှိ ကားတစ်စီး လှူဒါန်းခဲ့ကြောင်း Art of Universe ရဲ့ Facebook Page မှတဆင့် ပရိသတ်ကို အသိပေးထားပါတယ်။ “Medical Cover အတွက်လိုအပ်နေလျက်ရှိတဲ့ ကားလေးကို ဖြည့်ဆည်းပေးနိုင်တဲ့ အတွက် ဆေးကုသရေးလုပ်ငန်းမှာ အထောက်အကူအများကြီးဖြစ်မယ်လို့ မျှော်လင့်” ကြောင်း Art of Universe အဖွဲ့သားတွေကပြောပါတယ်။ Photo Credit: Art of Universe

Read more

© 2025 Win Win Entertainment. All Rights Reserved.

Facebook | Youtube