Daily News

ဒါရိုက်တာဏကြီးရဲ့ Masterclass ကို DVB Peacock Film Festival တွင်ပြုလုပ်မည်။

todayDecember 5, 2024

ဒီဇင်ဘာ၅၊၂၀၂၄။

ဒါရိုက်တာဏကြီးရဲ့ Masterclass : “The art of filmmaking and storytelling” ကိုချင်းမိုင်မြို့တွင် ကျင်းပမည့် DVB Peacock Film Festival တွင်ပြုလုပ်သွားမှာဖြစ်ပါတယ်။

အဆိုပါဒါရိုက်တာဏကြီးရဲ့ Masterclassကို လာမည့် ဒီဇင်ဘာလ၉ရက်နေ့တွင် ညနေ ၃နာရီမှ ညနေ၅နာရီအ ချိန်ထိပြုလုပ်သွားမှာဖြစ်ပြီး ရုပ်ရှင်ရိုက်ကူးရေးကို စိတ်ဝင်စားသည့်သူဖြစ်စေ၊ စတင်လေ့လာသူဖြစ်စေ၊ အတွေ့အကြုံရှိပြီးသူဖြစ်စေပါဝင်တက်ရောက်နိုင်မှာဖြစ်ပြီး မိမိ၏ စိတ်ကူးစိတ်သန်းဖြင့် ရုပ်ရှင်ဇာတ်လမ်းတစ်ခု ပြလုပ်နိုင်ရန်အတွက် အတတ်ပညာနှင့် ချဉ်းကပ် နည်းအသစ်များကိုလည်း ရရှိစေနိုင်မှာဖြစ်တယ်လို့ဆိုပါတယ်။

ယခုပြုလုပ်မည့် ဒါရိုက်တာဏကြီးရဲ့ Masterclass ဟာ ရုပ်ရှင်ရိုက်ကူးခြင်းနှင့် ဇာတ်လမ်းဇာတ် အိမ်တည်ဆောက်ခြင်းကို နက်နဲစွာ လေ့လာဆွေးနွေးနိုင်စေရန်ရည်ရွယ်ပြုလုပ်တာဖြစ်ပြီး ပါဝင် တက်ရောက်မည့်လူဦးရေကိုလည်း ကန့်သတ်ထားတယ်လို့သိရပါတယ်။

စိတ်ပါဝင်စားသူများအနေဖြင့် အောက်ပါလင့်မှတဆင့် စာရင်းပေးသွင်းပြီး ဒီဇင်ဘာ၉ရက် ချင်းမိုင်မြို့တွင်ပြုလုပ်မည့် ဒါရိုက်တာဏကြီးရဲ့ Masterclassကို ဆက်သွယ်တက်ရောက်လေ့ လာနိုင်ပြီဖြစ်ကြောင်းသတင်းကောင်းပါးလိုက်ရပါတယ်။

စာရင်းပေးသွင်းရန်

https://forms.gle/YGnuhvQjUk4bFo1d8

Written by: Htet Lin Ko

Previous post

labelDaily News todayDecember 5, 2024

“နေသာတဲ့နေ့”တေးရုပ်ရှင် Massachusetts တွင်ပြသမည်။

ဒီဇင်ဘာ၅၂၀၂၄။ ဒါရိုက်တာမန်းသက်ဝင်းပြန်လည်ရိုက်ကူးပုံဖော်ထားတဲ့ “နေသာတဲ့နေ့”တေးရုပ်ရှင်ကို Massachusetts တွင်ပြသတော့မှာဖြစ်ကြောင်း Boston Free Burma ကနေဖော်ပြထားပါတယ်။ တေးပြဇာတ်တစ်ပုဒ်မှ ရုပ်ရှင်အဖြစ်ပြန်လည်ပုံဖော်ရိုက်ကူးတင်ဆက်ထားတဲ့ “နေသာတဲ့နေ့”တေးရုပ် ရှင်မှာတော့ အမေရိကားရောက် တော်လှန်ညီကိုမောင်နှမတွေ ပါဝင်အားဖြည့်ရိုက်ကူးထားပြီး Massachusetts မှာပြသသွားမယ့် ပွဲလေးအကြောင်းကိုလည်း win win entertainment မှ အချိန်နှင့် တပြေးညီပြန်လည်တင်ပြသွားမှာဖြစ်လို့ စောင့်မျှော်အားပေးကြဖို့ဖိတ်ခေါ်လိုက်ပါတယ်။

Read more


Similar posts

labelDaily News todayDecember 20, 2024

“စက္ကူလေယာဥ်”ရုပ်ရှင်ပြပွဲ စင်္ကာပူမှာဒီဇင်ဘာ ၂၂ရက်နေ့

ဒီဇင်ဘာ ၂၂ရက်နေ့မှာ “စက္ကူလေယာဥ်”ရုပ်ရှင်ပြပွဲ စင်္ကာပူမှာထပ်မံပြသသွားမှာဖြစ်လို့ စင်္ကာပူကတော်လှန်မိတ်ဆွေများပူးပေါင်းပါဝင်နိုင်ကြဖို့ ထပ်မံဖိတ်ခေါ်ပါတယ်။ လက်မှတ်တွေကိုလည်း အောက်မှာဖော်ပြထားတဲ့လင့်မှဝယ်ယူနိုင်သလိုပြသတဲ့နေ့ရုပ်ရှင်ရုံ မှာလည်းတိုက်ရိုက်ဝယ်ယူနိုင်ပါတယ်။ ရုပ်ရှင်ကလာမည့် ဒီဇင်ဘာ ၂၂ရက်(တနင်္ဂနွေနေ့)၊ နေ့လည်၁၂နာရီခွဲအချိန်မှာ စင်္ကာပူနိုင်ငံ၊ Carnival ရုပ်ရှင်ရုံမှာ ပြသသွားမှာဖြစ်ပါတယ်။ လက်မှတ်ဝယ်ယူရန်                                                                                                     https://carnivalcinemas.sg/… Photo Credit: Shwe TV

Read more

labelDaily News todayDecember 20, 2024

Art of Universe မှMedical Coverအတွက် ကားတစ်စီးလှူဒါန်း။

ဒီဇင်ဘာ၂၀၊၂၀၂၄။ Art of Universe မှ မြောင်နယ် ၊ မြင်းခြံနယ်တို့ကို Medical Cover ပေးနေသော Justice for freedom ဆေးအဖွဲ့အတွက် ကျပ်သိန်း ၂၅၀ တန်ဖိုးရှိ ကားတစ်စီး လှူဒါန်းခဲ့ကြောင်း Art of Universe ရဲ့ Facebook Page မှတဆင့် ပရိသတ်ကို အသိပေးထားပါတယ်။ “Medical Cover အတွက်လိုအပ်နေလျက်ရှိတဲ့ ကားလေးကို ဖြည့်ဆည်းပေးနိုင်တဲ့ အတွက် ဆေးကုသရေးလုပ်ငန်းမှာ အထောက်အကူအများကြီးဖြစ်မယ်လို့ မျှော်လင့်” ကြောင်း Art of Universe အဖွဲ့သားတွေကပြောပါတယ်။ Photo Credit: Art of Universe

Read more

© 2025 Win Win Entertainment. All Rights Reserved.

Facebook | Youtube