ဒါရိုက်တာဏကြီးရဲ့ Masterclass ကို DVB Peacock Film Festival တွင်ပြုလုပ်မည်။
ဒီဇင်ဘာ၅၊၂၀၂၄။ ဒါရိုက်တာဏကြီးရဲ့ Masterclass : “The art of filmmaking and storytelling” ကိုချင်းမိုင်မြို့တွင် ကျင်းပမည့် DVB Peacock Film Festival တွင်ပြုလုပ်သွားမှာဖြစ်ပါတယ်။ အဆိုပါဒါရိုက်တာဏကြီးရဲ့ Masterclassကို လာမည့် ဒီဇင်ဘာလ၉ရက်နေ့တွင် ညနေ ၃နာရီမှ ညနေ၅နာရီအ ချိန်ထိပြုလုပ်သွားမှာဖြစ်ပြီး ရုပ်ရှင်ရိုက်ကူးရေးကို စိတ်ဝင်စားသည့်သူဖြစ်စေ၊ စတင်လေ့လာသူဖြစ်စေ၊ အတွေ့အကြုံရှိပြီးသူဖြစ်စေပါဝင်တက်ရောက်နိုင်မှာဖြစ်ပြီး မိမိ၏ စိတ်ကူးစိတ်သန်းဖြင့် ရုပ်ရှင်ဇာတ်လမ်းတစ်ခု ပြလုပ်နိုင်ရန်အတွက် အတတ်ပညာနှင့် ချဉ်းကပ် နည်းအသစ်များကိုလည်း ရရှိစေနိုင်မှာဖြစ်တယ်လို့ဆိုပါတယ်။ ယခုပြုလုပ်မည့် ဒါရိုက်တာဏကြီးရဲ့ Masterclass [...]