Daily News

“မြေမဲ့ပန်း”ပန်းချီပြပွဲ မဲဆောက်မြို့တွင်ပြုလုပ်မည်။

todayDecember 8, 2024

ဒီဇင်ဘာ၈၊၂၀၂၄။

“မြေမဲ့ပန်း”လို့အမည်ပေးထားတဲ့ ပန်းချီပြပွဲလေးကို ယနေ့ ဒီဇင်ဘာလ၈ရက်နေ့မှ ၁၀ရက်နေ့ အထိ ထိုင်းနိုင်ငံ၊မဲဆောက်မြို့ Boderline Collective Tea Shop မှာကျင်းပပြုလုပ်သွား မှာဖြစ်ပါတယ်။

ဒီပွဲမှာ ပန်းချီအနုပညာရှင်တွေဖြစ်ကြတဲ့ DaydayZoyarနဲ့ EDO Vaderတို့ရဲ့လက်ရာတွေ အပြင် ကရင်နီပြည်က ကိုမင်းထက်စံရဲ့ ဓါတ်ပုံတွေနဲ့ သတင်းသမားကာ လအတွင်း ရိုက်ဖြစ်ခဲ့တဲ့ စစ်ရှောင်စခန်းက ဓါတ်ပုံတွေ၊ စစ်အာဏာသိမ်းကာလအတွင်း ဒီမိုကရေစီရေးအရ နေအိမ်စွန့်ခွာတိမ်းရှောင်နေရတဲ့ကြံ့ကြံ့ခံ မြေမဲ့ပန်းတွေရဲ့ ရုန်းကန်ဖြတ်သန်းနေရတဲ့ မြင်ကွင်းတွေကို မှတ်တမ်းတင်ထားတဲ့ သံလွင်ခက်ရဲ့ ဓါတ်ပုံတွေကို စုစည်းပြသထားမှာဖြစ်ပါတယ်။

“မွေးနေ့ဆိုတဲ့ မွေးဖွားရာအချိန်ကာလကို မှတ်မှတ်ရရဖြစ်ကြပေမယ့် မွေးဖွားရာ ဇာတိမြေနဲ့တော့ ဝေးကွာခဲ့ကြရတဲ့ နိုင်ငံသားတွေအများကြီးပါပဲ။ဒီအတွက်  မြေမဲ့ပန်း ဆိုတဲ့ ပြပွဲလေးတစ်ခုကို စီစဉ်ဖြစ်ခဲ့ပါတယ်”လို့ ပွဲစီစဉ်သူတွေက ဆိုပါတယ်။

လက်ရာကောင်းတွေဆိုတာထက် တော်လှန်ရေးကာလ အတူဖြတ်သန်းခဲ့ရ၊ ဖြတ်သန်း နေရတဲ့ သမိုင်းမှတ်တမ်းဟောင်းတွေအဖြစ်ပုံဖော်ထားတာဖြစ်ကြောင်းနှင့် ဖွင့်ပွဲကို ဒီကနေ့နိုဝင် ဘာလ ၈ရက်နေ့ညနေ၅နာရီအချိန်မှာစတင်ပြုလုပ်သွားမှာဖြစ်ကြောင်း သိရပါတယ်။

Photo Credit: Borderline Collective

https://www.facebook.com/borderlinecollective

Written by: Htet Lin Ko

Previous post

labelDaily News todayDecember 8, 2024

Fight Delta Fight တော်လှန်ရုပ်ရှင် လန်ဒန်တွင်ပြသ။

ဒီဇင်ဘာ၈၊၂၀၂၄။ တော်လှန်ရေးမျိုးဆက်သစ်လူငယ်တွေနဲ့အတူ တော်လှန်ရေးအလွှာပေါင်းစုံမှ အနုပညာ ချစ်မြတ်နိုးသူတွေပါဝင်သရုပ်ဆောင်ထားပြီး ဒါရိုက်တာမင်းလက်ျာရိုက်ကူးဖန်တီးထား တဲ့ Fight Delta Fight  တော်လှန်ရုပ်ရှင်ကို မနေ့က ဒီဇင်ဘာလ ၇ရက်နေ့မှာ လန်ဒန်မှာ အောင်မြင်စွာ ပြသခဲ့ကြောင်းသိရပါတယ်။ ဒီရုပ်ရှင်ဟာ အခက်အခဲတွေကြားကရုန်းထွက်လာပြီး တော်လှန်ရေးနယ်မြေအသီးသီး မှာ တော်လှန်ရေးတာဝန်တွေထမ်းဆောင်လျှက်ရှိတဲ့ ဧရာဝတီတပ်ရင်းတပ်ဖွဲ့တွေအ တွက် တော်လှန်ရန်ပုံငွေရရှိရေးရည်ရွယ်ပြသတာဖြစ်တယ်လို့ရုပ်ရှင်အဖွဲ့သားတွေက ဆိုပါတယ်။ လက်ရှိမှာ ဂျမေကာ၊ကနေဒါ၊သြစတျေးလျ၊စင်္ကာပူနဲ့ လန်ဒန်တို့မှာပြသခဲ့ပြီး မြန်မာ ပြည်သူတွေရှိတဲ့ နိုင်ငံအသီးသီးမှာဆက်လက်ပြသနိုင်ရေး စီစဉ်ဆောင်ရွက်နေကြောင်း လဲသိရပါတယ်။ Photo Credit : Myanmar Events in [...]

Read more


Similar posts

labelDaily News todayDecember 20, 2024

“စက္ကူလေယာဥ်”ရုပ်ရှင်ပြပွဲ စင်္ကာပူမှာဒီဇင်ဘာ ၂၂ရက်နေ့

ဒီဇင်ဘာ ၂၂ရက်နေ့မှာ “စက္ကူလေယာဥ်”ရုပ်ရှင်ပြပွဲ စင်္ကာပူမှာထပ်မံပြသသွားမှာဖြစ်လို့ စင်္ကာပူကတော်လှန်မိတ်ဆွေများပူးပေါင်းပါဝင်နိုင်ကြဖို့ ထပ်မံဖိတ်ခေါ်ပါတယ်။ လက်မှတ်တွေကိုလည်း အောက်မှာဖော်ပြထားတဲ့လင့်မှဝယ်ယူနိုင်သလိုပြသတဲ့နေ့ရုပ်ရှင်ရုံ မှာလည်းတိုက်ရိုက်ဝယ်ယူနိုင်ပါတယ်။ ရုပ်ရှင်ကလာမည့် ဒီဇင်ဘာ ၂၂ရက်(တနင်္ဂနွေနေ့)၊ နေ့လည်၁၂နာရီခွဲအချိန်မှာ စင်္ကာပူနိုင်ငံ၊ Carnival ရုပ်ရှင်ရုံမှာ ပြသသွားမှာဖြစ်ပါတယ်။ လက်မှတ်ဝယ်ယူရန်                                                                                                     https://carnivalcinemas.sg/… Photo Credit: Shwe TV

Read more

labelDaily News todayDecember 20, 2024

Art of Universe မှMedical Coverအတွက် ကားတစ်စီးလှူဒါန်း။

ဒီဇင်ဘာ၂၀၊၂၀၂၄။ Art of Universe မှ မြောင်နယ် ၊ မြင်းခြံနယ်တို့ကို Medical Cover ပေးနေသော Justice for freedom ဆေးအဖွဲ့အတွက် ကျပ်သိန်း ၂၅၀ တန်ဖိုးရှိ ကားတစ်စီး လှူဒါန်းခဲ့ကြောင်း Art of Universe ရဲ့ Facebook Page မှတဆင့် ပရိသတ်ကို အသိပေးထားပါတယ်။ “Medical Cover အတွက်လိုအပ်နေလျက်ရှိတဲ့ ကားလေးကို ဖြည့်ဆည်းပေးနိုင်တဲ့ အတွက် ဆေးကုသရေးလုပ်ငန်းမှာ အထောက်အကူအများကြီးဖြစ်မယ်လို့ မျှော်လင့်” ကြောင်း Art of Universe အဖွဲ့သားတွေကပြောပါတယ်။ Photo Credit: Art of Universe

Read more

© 2025 Win Win Entertainment. All Rights Reserved.

Facebook | Youtube