“မြေမဲ့ပန်း”ပန်းချီပြပွဲ မဲဆောက်မြို့တွင်ပြုလုပ်မည်။
ဒီဇင်ဘာ၈၊၂၀၂၄။ “မြေမဲ့ပန်း”လို့အမည်ပေးထားတဲ့ ပန်းချီပြပွဲလေးကို ယနေ့ ဒီဇင်ဘာလ၈ရက်နေ့မှ ၁၀ရက်နေ့ အထိ ထိုင်းနိုင်ငံ၊မဲဆောက်မြို့ Boderline Collective Tea Shop မှာကျင်းပပြုလုပ်သွား မှာဖြစ်ပါတယ်။ ဒီပွဲမှာ ပန်းချီအနုပညာရှင်တွေဖြစ်ကြတဲ့ DaydayZoyarနဲ့ EDO Vaderတို့ရဲ့လက်ရာတွေ အပြင် ကရင်နီပြည်က ကိုမင်းထက်စံရဲ့ ဓါတ်ပုံတွေနဲ့ သတင်းသမားကာ လအတွင်း ရိုက်ဖြစ်ခဲ့တဲ့ စစ်ရှောင်စခန်းက ဓါတ်ပုံတွေ၊ စစ်အာဏာသိမ်းကာလအတွင်း ဒီမိုကရေစီရေးအရ နေအိမ်စွန့်ခွာတိမ်းရှောင်နေရတဲ့ကြံ့ကြံ့ခံ မြေမဲ့ပန်းတွေရဲ့ ရုန်းကန်ဖြတ်သန်းနေရတဲ့ မြင်ကွင်းတွေကို မှတ်တမ်းတင်ထားတဲ့ သံလွင်ခက်ရဲ့ ဓါတ်ပုံတွေကို စုစည်းပြသထားမှာဖြစ်ပါတယ်။ “မွေးနေ့ဆိုတဲ့ မွေးဖွားရာအချိန်ကာလကို [...]