သီချင်းနားဆင်ရင်း အနွေးထည်လေးတွေကူနိုင်မယ့် မီးခြစ်တို့ရဲ့ “မေတ္တာဖိုလှုံ လုံခြုံနွေးထွေးစေ”ကမ် ပိန်း။
ဒီဇင်ဘာ၁၂၊၂၀၂၄။ တော်လှန်ပရိသတ်တွေအနေဖြင့် အခုလိုဆောင်းရာသီရောက်လာတဲ့အချိန်မှာ သီချင်းလေးနားဆင်ရင်း အနွေးဓါတ်လိုနေတဲ့ ထောင်သောင်းချီတဲ့စစ်ရှောင်တွေကိုလည်းအနွေးထည်လေးတွေနဲ့စောင်လေးတွေ ကူနိုင်ပြီဖြစ်ပါတယ်။ ဒီအစီစဉ်ဟာ မြန်မာ့ပြည်တွင်းစစ်ကြောင့် ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေကြရတဲ့ အိန္ဒိယ-မြန်မာနယ်စပ်က ထောင်သောင်းချီတဲ့စစ်ရှောင်တွေအတွက် အနွေးဓါတ်ပေးနိုင်ဖို့ ရည်ရွယ်ပြုလုပ် တာဖြစ်ပြီး အိန္ဒိယ-မြန်မာနယ်စပ်ဆိုတာမြန်မာနိုင်ငံ စစ်ကိုင်းတိုင်း၊တမူးခရိုင်နဲ့ အိန္ဒိယနိုင်ငံ၊ မဏိပူရ် ပြည်နယ်အစပ်မှာတည်ရှိတဲ့ ကဘော်ချိုင့်ဝှမ်းတကြောကိုဆိုလိုတာဖြစ်တယ်လို့သိရပါတယ်။ “မီးခြစ်”အဖွဲ့သားတွေရဲ့ ဒီအစီအစဉ်လေးမှာ ပါဝင်လိုသူတွေအနေနဲ့ စစ်ရှောင်တစ်ဦးစာကို မြန်မာကျပ် ငွေ ၃၀၀၀၀ ဝန်းကျင်ခန့်ကျသင့်မှာ ဖြစ်ကာ မိမိတက်နိုင်တဲ့ပမာဏနဲ့ပါဝင် နိုင်မှာဖြစ်ပြီး “မီးခြစ်”ရဲ့ အသစ်စက်စက် ကိုယ်ပိုင်တေးသီချင်းတစ်ပုဒ် (Lyric Video) ကိုလည်း မေတ္တာလက် ဆောင်အနေနဲ့ [...]