Daily News

ZENN KYI & CHRISTIAN KYI  Charityမှ မြေပြင်အတွက်ကားတစ်စီးလှူဒါန်း။

todayDecember 13, 2024

ဒီဇင်ဘာ၁၂၊၂၀၂၄။

ပြည်သူချစ်တော်လှန်အနုပညာရှင်တွေဖြစ်ကြတဲ့ သရုပ်ဆောင် Zenn Kyi တို့ဇနှီးမောင်နှံတွေရဲ့ ZENN KYI & CHRISTIAN KYI  Charity မှ မြေပြင်လိုအပ်ချက်အတွက် ကားတစ်စီးကိုလှူဒါန်းခဲ့ကြပါတယ်။

သရု့ပ်ဆောင် Zenn Kyi က”ဒီကားကို ပြင်ဦးလွင်ဘက်ကိုနှစ်ဆန်းလောက်က လှူဖြစ်တာဖြစ်ကြောင်း၊ ဒီကားနဲ့ စစ်ဘေးသင့်မြေပြင်ပေါ်မှာ အရေးပေါ်ဆေးဝါးကုသရေး(ခွဲစိတ်ကုသမှုအပါအဝင်)သယ်ယူ ပို့ဆောင်ရေးတွေမှာအသုံးချ”တယ်လို့ဆိုပါတယ်။

အရင်ကလည်းအခြားအဖွဲ့တချို့နဲ့ပေါင်းပြီးလှူတာ၂ခေါက်ရှိပြီဖြစ်ကြောင်းနဲ့ ZENN KYI & CHRISTIAN KYI  Charity အစီအစဉ်မှာပါဝင်သူအားလုံးကိုကျေးဇူးတင်ကြောင်း သရုပ်ဆောင် Zenn Kyiက သူ့ရဲ့  Facebook လူမှုကွန်ရက်စာမျက်နှာမှတဆင့် ပရိသတ်ကိုပြောပါတယ်။

Photo Credit: Zenn Kyi

https://www.facebook.com/zennkyiartist

Written by: Htet Lin Ko

Previous post

labelDaily News todayDecember 13, 2024

အဆိုတော်ဆောင်းဦးလှိုင်ပါဝင်ကစားခဲ့တဲ့ချစ်ကြည်ရေးဖူဆယ်ဘောလုံးပွဲ။

အဆိုတော်ဆောင်းဦးလှိုင်ပါဝင်ကစားခဲ့တဲ့ချစ်ကြည်ရေးဖူဆယ်ဘောလုံးပွဲ။ ဒီဇင်ဘာ၁၂၊၂၀၂၄။ “ကူညီစာနာပြည်မြန်မာ”ချစ်ကြည်ရေးဖူဆယ်ဘောလုံးပွဲကို ဂျပန်ရောက်မြန်မာဖူဆယ်ကစားသမား များပါဝင်အားဖြည့်ယှဉ်ပြိုင်ခဲ့ကြပြီး တော်လှန်အနုပညာရှင်အဆိုတော်ဆောင်ဦးလှိုင်လဲ ပါဝင်ကစား ခဲ့တယ်လို့သိရပါတယ်။ အဆိုပါ ချစ်ကြည်ရေးဖူဆယ်ဘောလုံးပွဲကို Captain Subasa Stadium (Toda) မှာ ပြုလုပ်ခဲ့ကြတာ ဖြစ်ပြီး ချစ်ကြည်ရေးပွဲမှရရှိလာတဲ့ရန်ပုံငွေများကိုလဲ အဆိုတော်ဆောင်းဦးလှိုင်ရဲ့ ကူညီစာနာပြည် မြန်မာ(ဂျပန်)ပွဲစဥ်တွေရဲ့ အလှူငွေထဲ ပေါင်းထည့်ပြီး လှူဒါန်းသွားမှာဖြစ်ပါတယ်။ အဆိုတော်ဆောင်းဦးလှိုင်ကလဲ ပွဲမစတင်မီ Tokyo မှာ Futsal ကစားမယ်အကြောင်း၊ အသင်း၄သင်း ပါဝင်ကစားသွားမည့်အကြောင်း၊ အမေရိကားကလာတဲ့သူ့အတွက် တိုကျို ရဲ့ December နေ့ရက် တွေဟာပိုလှနေကြောင်းနဲ့ လာမယ့် ၁၅ရက်နေ့ [...]

Read more


Similar posts

labelDaily News todayDecember 20, 2024

“စက္ကူလေယာဥ်”ရုပ်ရှင်ပြပွဲ စင်္ကာပူမှာဒီဇင်ဘာ ၂၂ရက်နေ့

ဒီဇင်ဘာ ၂၂ရက်နေ့မှာ “စက္ကူလေယာဥ်”ရုပ်ရှင်ပြပွဲ စင်္ကာပူမှာထပ်မံပြသသွားမှာဖြစ်လို့ စင်္ကာပူကတော်လှန်မိတ်ဆွေများပူးပေါင်းပါဝင်နိုင်ကြဖို့ ထပ်မံဖိတ်ခေါ်ပါတယ်။ လက်မှတ်တွေကိုလည်း အောက်မှာဖော်ပြထားတဲ့လင့်မှဝယ်ယူနိုင်သလိုပြသတဲ့နေ့ရုပ်ရှင်ရုံ မှာလည်းတိုက်ရိုက်ဝယ်ယူနိုင်ပါတယ်။ ရုပ်ရှင်ကလာမည့် ဒီဇင်ဘာ ၂၂ရက်(တနင်္ဂနွေနေ့)၊ နေ့လည်၁၂နာရီခွဲအချိန်မှာ စင်္ကာပူနိုင်ငံ၊ Carnival ရုပ်ရှင်ရုံမှာ ပြသသွားမှာဖြစ်ပါတယ်။ လက်မှတ်ဝယ်ယူရန်                                                                                                     https://carnivalcinemas.sg/… Photo Credit: Shwe TV

Read more

labelDaily News todayDecember 20, 2024

Art of Universe မှMedical Coverအတွက် ကားတစ်စီးလှူဒါန်း။

ဒီဇင်ဘာ၂၀၊၂၀၂၄။ Art of Universe မှ မြောင်နယ် ၊ မြင်းခြံနယ်တို့ကို Medical Cover ပေးနေသော Justice for freedom ဆေးအဖွဲ့အတွက် ကျပ်သိန်း ၂၅၀ တန်ဖိုးရှိ ကားတစ်စီး လှူဒါန်းခဲ့ကြောင်း Art of Universe ရဲ့ Facebook Page မှတဆင့် ပရိသတ်ကို အသိပေးထားပါတယ်။ “Medical Cover အတွက်လိုအပ်နေလျက်ရှိတဲ့ ကားလေးကို ဖြည့်ဆည်းပေးနိုင်တဲ့ အတွက် ဆေးကုသရေးလုပ်ငန်းမှာ အထောက်အကူအများကြီးဖြစ်မယ်လို့ မျှော်လင့်” ကြောင်း Art of Universe အဖွဲ့သားတွေကပြောပါတယ်။ Photo Credit: Art of Universe

Read more

© 2025 Win Win Entertainment. All Rights Reserved.

Facebook | Youtube