Daily News

အဆိုတော်ကျားပေါက်ရဲ့ “Live Session in Paris” အတွက် လက်မှတ်များဝယ်ယူနိုင်ပြီ။

todayDecember 13, 2024

ဒီဇင်ဘာ၁၂၊၂၀၂၄။

အဆိုတော်ကျားပေါက်ရဲ့  “Live Session in Paris”ကို လာမည့် ဒီဇင်ဘာ ၂၁ရက်နေ့မှာ Online မှ Live တင်ဆက်ပေးသွားမှာဖြစ်ပြီး ကြည့်ရှုလိုသူတွေအနေနဲ့ “Live Session in Paris”လက်မှတ်တွေ ကိုဝယ်ယူနိုင်ပြီဖြစ်ပါတယ်။

လက်မှတ်ဝယ်ယူလိုသူတွေအနေနဲ့ Bipolarbear  Facebook Page Messenger မှဆက်သွယ်ပြီး

ဝယ်ယူသူအမည်လက်မှတ်အရေအတွက်လက်မှတ်ပို့ပေးရမယ့် Email လိပ်စာဖုန်းနံပါတ်

စတဲ့ အချက်အလက်များပို့ပေးပြီး ငွေကြိုချေစနစ်ဖြင့်ဝယ်ယူနိုင်ပြီဖြစ်ပါတယ်။

“Live Session in Paris” အတွက် လက်မှတ်တစ်စောင်လျှင် December 21 ရက်နေ့မှ စတင်ပြီး 2 ပါတ်အတွင်း 3 ကြိမ်အထိ ပြန်လည်ကြည့်ရှုနိုင်မှာဖြစ်ပြီးကြည့်ရှုတဲ့အခါ တစ်ကြိမ်လျှင် Device တစ်ခုဖြင့်သာ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

ဒါ့အပြင် လက်ဆောင်အဖြစ် မိမိရဲ့ လက်မှတ် ဝယ်ထားသည့် Record ကို Bipolarbear Page Messenger မှာပြပြီး ကိုကျားပေါက်ရဲ့ သီချင်းအသစ်တစ်အပုဒ် “အလွမ်း” နဲ့ Live Session in Paris Digital Booklet တို့ကို မှာယူနိုင်မှာဖြစ်ကာ ၃ရက်မှ ၅ရက်အတွင်း ပြန်လည်ပို့ဆောင်ပေး သွားမှာပဲဖြစ်ပါတယ်။

Photo Credit: Bipolarbear

https://www.facebook.com/bipolarbearcollections

Written by: Htet Lin Ko

Previous post

labelDaily News todayDecember 13, 2024

ZENN KYI & CHRISTIAN KYI  Charityမှ မြေပြင်အတွက်ကားတစ်စီးလှူဒါန်း။

ဒီဇင်ဘာ၁၂၊၂၀၂၄။ ပြည်သူချစ်တော်လှန်အနုပညာရှင်တွေဖြစ်ကြတဲ့ သရုပ်ဆောင် Zenn Kyi တို့ဇနှီးမောင်နှံတွေရဲ့ ZENN KYI & CHRISTIAN KYI  Charity မှ မြေပြင်လိုအပ်ချက်အတွက် ကားတစ်စီးကိုလှူဒါန်းခဲ့ကြပါတယ်။ သရု့ပ်ဆောင် Zenn Kyi က”ဒီကားကို ပြင်ဦးလွင်ဘက်ကိုနှစ်ဆန်းလောက်က လှူဖြစ်တာဖြစ်ကြောင်း၊ ဒီကားနဲ့ စစ်ဘေးသင့်မြေပြင်ပေါ်မှာ အရေးပေါ်ဆေးဝါးကုသရေး(ခွဲစိတ်ကုသမှုအပါအဝင်)သယ်ယူ ပို့ဆောင်ရေးတွေမှာအသုံးချ”တယ်လို့ဆိုပါတယ်။ အရင်ကလည်းအခြားအဖွဲ့တချို့နဲ့ပေါင်းပြီးလှူတာ၂ခေါက်ရှိပြီဖြစ်ကြောင်းနဲ့ ZENN KYI & CHRISTIAN KYI  Charity အစီအစဉ်မှာပါဝင်သူအားလုံးကိုကျေးဇူးတင်ကြောင်း သရုပ်ဆောင် Zenn Kyiက သူ့ရဲ့  Facebook လူမှုကွန်ရက်စာမျက်နှာမှတဆင့် ပရိသတ်ကိုပြောပါတယ်။ [...]

Read more


Similar posts

labelDaily News todayDecember 20, 2024

“စက္ကူလေယာဥ်”ရုပ်ရှင်ပြပွဲ စင်္ကာပူမှာဒီဇင်ဘာ ၂၂ရက်နေ့

ဒီဇင်ဘာ ၂၂ရက်နေ့မှာ “စက္ကူလေယာဥ်”ရုပ်ရှင်ပြပွဲ စင်္ကာပူမှာထပ်မံပြသသွားမှာဖြစ်လို့ စင်္ကာပူကတော်လှန်မိတ်ဆွေများပူးပေါင်းပါဝင်နိုင်ကြဖို့ ထပ်မံဖိတ်ခေါ်ပါတယ်။ လက်မှတ်တွေကိုလည်း အောက်မှာဖော်ပြထားတဲ့လင့်မှဝယ်ယူနိုင်သလိုပြသတဲ့နေ့ရုပ်ရှင်ရုံ မှာလည်းတိုက်ရိုက်ဝယ်ယူနိုင်ပါတယ်။ ရုပ်ရှင်ကလာမည့် ဒီဇင်ဘာ ၂၂ရက်(တနင်္ဂနွေနေ့)၊ နေ့လည်၁၂နာရီခွဲအချိန်မှာ စင်္ကာပူနိုင်ငံ၊ Carnival ရုပ်ရှင်ရုံမှာ ပြသသွားမှာဖြစ်ပါတယ်။ လက်မှတ်ဝယ်ယူရန်                                                                                                     https://carnivalcinemas.sg/… Photo Credit: Shwe TV

Read more

labelDaily News todayDecember 20, 2024

Art of Universe မှMedical Coverအတွက် ကားတစ်စီးလှူဒါန်း။

ဒီဇင်ဘာ၂၀၊၂၀၂၄။ Art of Universe မှ မြောင်နယ် ၊ မြင်းခြံနယ်တို့ကို Medical Cover ပေးနေသော Justice for freedom ဆေးအဖွဲ့အတွက် ကျပ်သိန်း ၂၅၀ တန်ဖိုးရှိ ကားတစ်စီး လှူဒါန်းခဲ့ကြောင်း Art of Universe ရဲ့ Facebook Page မှတဆင့် ပရိသတ်ကို အသိပေးထားပါတယ်။ “Medical Cover အတွက်လိုအပ်နေလျက်ရှိတဲ့ ကားလေးကို ဖြည့်ဆည်းပေးနိုင်တဲ့ အတွက် ဆေးကုသရေးလုပ်ငန်းမှာ အထောက်အကူအများကြီးဖြစ်မယ်လို့ မျှော်လင့်” ကြောင်း Art of Universe အဖွဲ့သားတွေကပြောပါတယ်။ Photo Credit: Art of Universe

Read more

© 2025 Win Win Entertainment. All Rights Reserved.

Facebook | Youtube