Daily News

“နွေဦးလမ်းမှာ ဝေတဲ့ပန်းတွေ” စာအုပ် Sydney မှာဝယ်ယူနိုင်ပြီ။

todayDecember 13, 2024

ဒီဇင်ဘာ၁၂၊၂၀၂၄။

ဆရာမ Mystery ရဲ့ “နွေဦးလမ်းမှာ ဝေတဲ့ပန်းတွေ” စာအုပ်တွေကို $25 ဖြင့် Sydney မှာဝယ်ယူရရှိ နိုင်ပြီဖြစ်ပါတယ်။

လက်ရှိမှာ Sydney ရဲ့ Asian Hub Myanmar Groceries ဆိုင်နဲ့ Su Sydneyတို့မှာဝယ်ယူနိုင်သလို

Sydney Friends for Myanmar Unity ကိုလည်း ဆက်သွယ်မှာယူလို့ရကြောင်း သိရပါတယ်။

ဒီဇင်ဘာလ၇ရက်နေ့က အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့မှာကျင်းပပြုလုပ်ခဲ့တဲ့  Fight Delta Fight  တော်လှန်ရုပ်ရှင်ပြပွဲမှာလဲ အဆိုပါ“နွေဦးလမ်းမှာ ဝေသောပန်းများ” စာအုပ်မိတ်ဆက်ပွဲလေး ကိုထည့်သွင်းပြုလုပ်ခဲ့ကြပါတယ်။

လက်ရှိမှာ သြစတေးလျ၊ ကနေဒါ၊ ဖင်လန်၊ ဂျာမဏီ၊ ဂျပန်၊ စင်ကာပူ၊ မလေးရှား၊ နယူးဇီလန်၊ ထိုင်း၊ ထိုင်ဝမ်၊ ယူအေအီး၊ ယူကေ နဲ့ အမေရိကန် ပြည်ထောင်စုတို့မှာ မှာယူရရှိနိုင်ပြီး မြန်မာပြည်အတွက် တော့ ဒီကာလ ကျော်လွန်တဲ့အထိ စောင့်ကြရမှာဖြစ်ပါတယ်။

Photo Credit: Sydney Friends for Myanmar Unity

https://www.facebook.com/SydneyFriendsforMyanmarUnity

Written by: Htet Lin Ko

Previous post

labelDaily News todayDecember 13, 2024

ဆိုပါစို့ …..

ကိုနေဘုန်းလတ် ရေးသားထားပြီး မြနှင်းရည်လွင် ခံစားရွတ်ဆိုထားတဲ့ မြန်မာ့နွေဦးတော်လှန်ရေးအ တွင်း အကြမ်းဖက်စစ်တပ်ရဲ့ ကမ်းကုန်အောင်ရက်စက်ယုတ်မာမှုတွေအကြောင်းခံပြင်းရေးစပ်ထားတဲ့  “ဆိုပါစို့” ကဗျာကို PVTV မှာကြည့်ရှုနားဆင်နိုင်ပါပြီ…။ ကြည့်ရှုရန်

Read more


Similar posts

labelDaily News todayDecember 20, 2024

“စက္ကူလေယာဥ်”ရုပ်ရှင်ပြပွဲ စင်္ကာပူမှာဒီဇင်ဘာ ၂၂ရက်နေ့

ဒီဇင်ဘာ ၂၂ရက်နေ့မှာ “စက္ကူလေယာဥ်”ရုပ်ရှင်ပြပွဲ စင်္ကာပူမှာထပ်မံပြသသွားမှာဖြစ်လို့ စင်္ကာပူကတော်လှန်မိတ်ဆွေများပူးပေါင်းပါဝင်နိုင်ကြဖို့ ထပ်မံဖိတ်ခေါ်ပါတယ်။ လက်မှတ်တွေကိုလည်း အောက်မှာဖော်ပြထားတဲ့လင့်မှဝယ်ယူနိုင်သလိုပြသတဲ့နေ့ရုပ်ရှင်ရုံ မှာလည်းတိုက်ရိုက်ဝယ်ယူနိုင်ပါတယ်။ ရုပ်ရှင်ကလာမည့် ဒီဇင်ဘာ ၂၂ရက်(တနင်္ဂနွေနေ့)၊ နေ့လည်၁၂နာရီခွဲအချိန်မှာ စင်္ကာပူနိုင်ငံ၊ Carnival ရုပ်ရှင်ရုံမှာ ပြသသွားမှာဖြစ်ပါတယ်။ လက်မှတ်ဝယ်ယူရန်                                                                                                     https://carnivalcinemas.sg/… Photo Credit: Shwe TV

Read more

labelDaily News todayDecember 20, 2024

Art of Universe မှMedical Coverအတွက် ကားတစ်စီးလှူဒါန်း။

ဒီဇင်ဘာ၂၀၊၂၀၂၄။ Art of Universe မှ မြောင်နယ် ၊ မြင်းခြံနယ်တို့ကို Medical Cover ပေးနေသော Justice for freedom ဆေးအဖွဲ့အတွက် ကျပ်သိန်း ၂၅၀ တန်ဖိုးရှိ ကားတစ်စီး လှူဒါန်းခဲ့ကြောင်း Art of Universe ရဲ့ Facebook Page မှတဆင့် ပရိသတ်ကို အသိပေးထားပါတယ်။ “Medical Cover အတွက်လိုအပ်နေလျက်ရှိတဲ့ ကားလေးကို ဖြည့်ဆည်းပေးနိုင်တဲ့ အတွက် ဆေးကုသရေးလုပ်ငန်းမှာ အထောက်အကူအများကြီးဖြစ်မယ်လို့ မျှော်လင့်” ကြောင်း Art of Universe အဖွဲ့သားတွေကပြောပါတယ်။ Photo Credit: Art of Universe

Read more

© 2025 Win Win Entertainment. All Rights Reserved.

Facebook | Youtube