ရုံပြည့် ရုံလျှံ အားပေးခဲ့ကြတဲ့ ချမ်းချမ်းရဲ့ ဂျပန်နိုင်ငံ ပွဲဦးထွက်တိုကျိုဖျော်ဖြေပွဲ
စက်တင်ဘာ၊ ၁၇
ဂျပန်နိုင်ငံမှာ စက်တင်ဘာလ ၁၅ ရက်နေ့က ပြုလုပ်တဲ့ Chan Chan Charity Concert ပွဲမှာတော့ တော်လှန်အနုပညာရှင် အဆိုတော်ချမ်းချမ်းရဲ့ ပွဲဦးထွက်တိုကျိုပွဲ ဖျော်ဖြေပွဲမှာ ပရိသတ် ၁၅၀၀ ကျော်နဲ့ ရုံပြည့်ရုံလျှံအားပေးခဲ့ကြကြောင်း သိရပါတယ်။
ချမ်းချမ်းက “ပရိသတ် အား 1500 ကျော် နဲ့ရုံပြည့် ရုံလျှံ အားပေးကြတဲ့ Tokyo က ရွှေမြန်မာများ နဲ့ ပံ့ပိုးပေးခဲ့တဲ့ sponsor အဖွဲ့များကိုကျေးဇူးအထူးတင်ပါတယ်။ မြန်မာပြည်အတွက် ရေဘေးသင့်ပြည်သူများအတွက်ရယ် စစ်ရှောင် ကလေးပြည်သူများ အတွက်ရယ် အလှူငွေတွေ အများကြီးရခဲ့လို့ ဝမ်းသာပီတိဖြစ်ရတယ်။ မကြာခင်မှာ နာဂိုရာမှာ တွေ့ကြမယ်” လို့ သူမရဲ့ လူမှုကွန်ယက်စာမျက်နှာကနေ မျှဝေထားပါတယ်။
ဆက်လက်ပြီး Chan Chan Charity Concert ပွဲကို ဂျပန်နိုင်ငံရဲ့ မြို့ကြီးတွေဖြစ်တဲ့ နာဂိုရာမြို့မှာ စက်တင်ဘာလ (၂၁) ရက်၊ (၂၂)ရက်နေ့တွင် အိုဆာကာ၊(၂၈)ရက်နေ့တွင် ကျူရှူးနဲ့ (၂၉)ရက်နေ့တွင် ဖူကူယားမားမြို့တို့မှာ ပြုလုပ်သွားမှာဖြစ်ပြီး အဆိုပါပွဲနေ့များမှာ Chan Chan Charity Concert ရဲ့ merchandize လေးတွေဖြစ်တဲ့ Thermos Tumbler အပူအအေးခံတဲ့ခွက် (3 colors)လေးတွေကို ယန်း ၂၅၀၀၊ ချမ်းချမ်းပုံ၊ ဖျော်ဖြေမယ့်မြို့၊ သီချင်းစာသားလေးတွေပါတဲ့ တက်တူးစတစ်ကာကို ယန်း ၅၀၀၊ ပွဲကျင်းပမယ့်တစ်မြို့ချင်းစီရဲ့ အထင်ကရနေရာတွေကို ဒီဇိုင်း ၅ မျိုးနဲ့ feature လုပ်ထားတဲ့ Keychainကို ယန်း ၅၀၀ တို့ဖြင့် ဖျော်ဖြေပွဲနေ့တွေမှာ ရောင်းချသွားမှာ ဖြစ်ပြီး limited stock ဖြစ်တာကြောင့် ပွဲနေ့မှာ အမှတ်တရဝယ်ယူထားနိုင်ပါတယ်။
ချမ်းချမ်းရဲ့ ဂျပန်နိုင်ငံဖျော်ဖြေရေးပွဲများက ရရှိလာတဲ့ အကျိုးအမြတ် အားလုံးကို မြန်မာနိုင်ငံအတွင်းမှာ လက်ရှိရင်ဆိုင်နေရတဲ့ ရေဘေးသင့်ပြည်သူတွေနဲ့ စစ်ဘေးသင့်ပြည်သူများအတွက် လှူဒါန်းသွားမှာဖြစ်လို့ ဂျပန်နိုင်ငံမှာ ရောက်ရှိနေကြတဲ့ ဂီတကိုချစ်မြတ်နိုးတဲ့တော်လှန်ပြည်သူ၊ တော်လှန်ပရိသတ်များအနေနဲ့ ဘဝအမောတွေဖြေရင်း ပြည်တွင်းရဲ့အခက်အခဲများကို ဝိုင်းဝန်းကူညီပေးကြဖို့ အသိပေးတင်ပြလိုက်ရပါတယ်။
ဒါကတော့ဂျပန် ပွဲအချက်လက်များဝင်ကြည့်ရန်လခ့်လေးပါ
https://www.facebook.com/profile.php?id=61565735907736
https://www.facebook.com/NwayOoFestival.Nagoya
ကျန်တဲ့ ၄မြို့ link တွေပါ
Nagoya
2024-9-21 (Saturday)
https://www.facebook.com/NwayOoFestival.Nagoya
Osaka
2024-9-22(Sunday)
https://www.facebook.com/profile.php?id=61565406356218
Kyushu
2024-9-28(Saturday)
https://www.facebook.com/share/w8AduhjRcRBYvJ5M/?mibextid=WC7FNe
Fukuyama
2024-9-29(Sunday)
https://www.facebook.com/profile.php?id=61559424825746
Post comments (0)