Daily News

တော်လှန်အနုပညာသတင်းများ (24.4.2024)

todaySeptember 22, 2024

Background

တော်လှန်အနုပညာသတင်းများ (24.4.2024) တော်လှန်အနုပညာ သတင်းများကို တင်ဆက်ပေးမှာ ဖြစ်ပါတယ်။ ပထမဆုံးအနေနဲ့ ပြောပြချင်တဲ့ သတင်းကတော့“ငါတို့မှာ ငါတို့ပဲရှိတယ်“ ရုပ်ရှင်ရဲ့ ရိုက်ကွင်းနောက်ကွယ်ကအမှတ်တရပုံလေးတွေကို သရုပ်ဆောင် မြတ်နိုးအေးက သူ့မရဲ့ လူမှုကွန်ယက်မှာ ဝေမျှလိုက်တဲ့အကြောင်းပါ။ သဘာဝကျကျ ဖရဲသီးသည်လေးအဖြစ် သရုပ်ဆောင်ထားတဲ့ ပုံများအပါဝင်ပါတယ်။ ဒီတော်လှန်ရုပ်ရှင်ဇာတ်လမ်းတိုဟာ နိုင်ငံရေးအကျဉ်းသားတွေရဲ့ ဘဝတစ်စိတ်တစ်ပိုင်းကို လှစ်ဟပြသထားတဲ့ ဇာတ်လမ်းဖြစ်ကြောင်း သူမက ရေးသားထားပါတယ်။ ဒီရုပ်ရှင်ဇာတ်လမ်းတိုကို မကြာခင် အနီးစပ်ဆုံး ပြသမှာကတော့ ဂျပန်နိုင်ငံ နဲ့ စင်ကာပူနိုင်ငံတို့မှာ ပြသမှာ ဖြစ်ပါတယ်။ ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ဧပြီလ ၂၉ရက်၊ နာဂိုယာမြို့မှာ မေလ ၂ရက် နဲ့ စင်ကာပူနိုင်ငံမှာ မေလ (၄၊၅)ရက်တွေမှာ ပြသမှာပါဖြစ်ပါတယ်။ ဒီ “ငါတို့မှာ ငါတို့ပဲ ရှိတယ်” ဆိုတဲ့ ရုပ်ရှင်ကားအပါအဝင် လေးကားပေါင်းတစ်ပွဲ အနေနဲ့ပြသမှာဖြစ်ပြီး လက်မှတ်ဝယ်နိုင်မည့် လမ်းညွှန်ကို Artists’ Shelter Page တွင် သွားရောက်ကြည့်ရှုနိုင်ပြီရ တော်လှန်ရေးကို အားပေးသောအားဖြင့် ကြည့်ရှုအားပေးကြဖို့ တိုက်တွန်းလိုက်ပါတယ်ရှင်။

ဒုတိယအပုဒ်အနေနဲ့ကတော့ အဆိုတော် လင်းလင်းရဲ့ Lynn Lynn Authentic Live concert T shirt​ လေး​တွေ ထိုင်းနိုင်ငံမှာ မှာလို့ ရပြီဆိုတဲ့အကြောင်းလေးပါ။ ဒီပွဲကိုတော့ ပရိတ်တွေ အနေနဲ့ သိရှိကြမယ်လို့ ယုံကြည်ပါတယ်။ ထိုင်းနိုင်ငံအပြင် တခြားနိုင်ငံ​​တွေ က မှာယူမယ်ဆိုရင်လည် ပို့ဆောင်ပေးမယ်လို့ သိရှိရပါတယ်။ ဒီ တီရှပ်ပေါ်က လိုဂိုလေးကတော့ ဂီတကိုချစ်မြတ်နိုးတဲ့ ​ကိုလင်းနဲ့ ချစ်သုဝေတို့ ဇနီးမောင်နှံရဲ့ Trademark​ လေးဖြစ်ပြီး ချစ်သုဝေကိုယ်တိုင် ကိုလင်းလင်း ပွဲအတွက်​ရေးဆွဲ​ပေးထားတာ​ဖြစ်ကြောင်း သိရှိရပါတယ်။ ဘယ်လိုမှာရမယ်ဆိုတာကို သိချင်တယ် ဆိုရင်ဖြင့် Maesot Merchandise ဆိုတဲ့ Facebook page မှာ သွားရောက် လေ့လာနိုင်ပါတယ်။

တတိယအနေနဲ့ကတော့ အဆိုတော် အာဇာနည်ရဲ့ မြန်မာပြည်သူများအတွက် ရန်ပုံငွေရှာဖွေရေး ဂီတဖျော်ဖြေပွဲ ကျင်းပမယ့် အကြောင်းပါ။ အဆိုတော် အာဇာနည် နဲ့ အမေရိကန်ရောက် ချင်းအဆိုတော်များက ဂီတဖျော်ဖြေပွဲနှင့် Food Fair Fundraising ပွဲကို အမေရိကန်နိုင်ငံ၊ ဝါရှင်တန်ပြည်နယ် ဆီယက်တဲလ်မြို့မှာ လာမယ် ဧပြီလ ၂၇ ရက် ညနေ ၅ နာရီတွင် ကျင်းပပြုလုပ်မှာ ဖြစ်တယ်လို့ သိရှရပါတယ်။ အဲဒီ ဖျော်ဖြေပွဲကို မြန်မာပြည်သူများအတွက် ရန်ပုံငွေ ရှာဖွေရေးပွဲအဖြစ် 𝐒𝐚𝐯𝐞 𝐁𝐮𝐫𝐦𝐚/𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐒𝐞𝐚𝐭𝐭𝐥𝐞, 𝐖𝐀 အဖွဲ့မှဦးဆောင်ကျင်းပခြင်းဖြစ်ပြီး ပါဝင်ဖျော်ဖြေသွားမယ့် ဂီတအနုပညာရှင်များမှ သူတို့ရဲ့ အချိန်နှင့် အတတ်ပညာများအား အခကြေး ငွေမယူပဲ volunteers အနေဖြင့် ပါဝင်ပေးကြမှာ ဖြစ်ပါတယ်။ အဲဒီဖျော်ဖြေပွဲမှာ နိုင်ငံကျော်အဆိုရှင် အာဇာနည်က အဓိကဖျော်ဖြေသွားမှာ ဖြစ်ပြီး ဆီယက်တဲလ်ဒေသခံ ချင်းအဆိုတော်များက ပါဝင်အားဖြည့်ကြမှာ ဖြစ်ပါတယ်။ ဆီယက်တဲလ်မြို့ နဲ့ အနီးတဝိုက်က တော်လှန်ပြည်သူများအနေနဲ့ တေးသီချင်းများကို ခံစားရင်း တော်လှန်ရေးမှာ ပါဝင်လို့ ရပါကြောင်း တင်ဆက်လိုက်ရပါတယ်။

စတုတ္ထ အနေနဲ့ကတော့ တော်လှန်ဟာသလူရွင်တော် စိန်သီး ကရင်နီပြည် ခရီးစဉ် ဓါတ်ပုံများ ဝေမျှတဲ့အကြောင်း ပြောပေးချင်ပါတယ်။ တစ်ချိန်က နာမည်ကြီး “သီးလေးသီး” အငြိမ့်အဖွဲ့ဝင် ဟာသလူရွှင်တော်စိန်သီးဟာ တော်လှန်ပြည်သူတွေနဲ့အတူခိုင်ခိုင်မာမာရပ်တည်ခဲ့သူဖြစ်ပါတယ်။ တတ်ကျွမ်းတဲ့ ဟာသအနုပညာကို အခြေခံပြီး “အဘ” တစ်ခန်းရပ် သရော်ဇာတ်တွေကို တစ်ပုဒ်ပြီး တစ်ပုဒ် မနားတမ်းရိုက်ကူးတင်ဆက်ပြီး စစ်အာဏာရှင် နဲ့ အပေါင်းပါများကိုသရော်လှောင်ပြောင်တာဖြစ်ပြီး တော်လှန်ပြည်သူများကလည်း အရမ်းအားပေးနေကြတာဖြစ်ပါတယ်။ သူနဲ့အတူ လူရွင်တော် ပေါက်စီက တွဲဘက်ပြီး အဘ နဲ့ သူ့လက်ထောက် စကားပြောခန်းများအနေဖြင့် တင်ဆက်ကြတာ ဖြစ်ပါတယ်။ လာမယ့် ဧပြီလ ၃၀ ရက်နေ့မှာ ကျင်းပမယ့် “မြေလတ်ဒေါင်းတို့ ကတဲ့ပွဲ” မှာလည်း ပါဝင်တင်ဆက်မယ်လို့ သိရှိရပါတယ်။ ဒီလိုပွဲမစခင် မှာ ကရင်နီပြည်နယ်ဘက်ကို ခရီးထွက်ကြောင်း နဲ့ အဲဒီခရီးစဉ်မှာ မိုးခါးရေ၊ ဗာရဏသီ စတဲ့ သီချင်းများသီဆိုသူ အဆိုတော် ကိုဝင်းနိုင်စိုး လည်း ပါကြောင်း သူ့ရဲ့ လူမှုကွန်ယက် စာမျက်နှာ တင်ထားပါတယ်။ တော်လှန်ဟာသလူရွင်တော် စိန်သီး ရဲ့ Facebook Page နဲ့ YouTube ချန်နယ်များကို အားပေးရင်းဖြင့် တော်လှန်ရေးမှာ ပါဝင်ပေးကြဖို့ တိုက်တွန်းအပ်ပါတယ်။ သူ့ရဲ့ “အဘ” အစီအစဉ်ကို နားထောင်လိုက်ရင် ပရိတ်သတ်တွေရဲ့ စိတ်ထဲမှာ အကြည်ဓါတ်ကိန်းအောင်းပြီး မျက်နှာက ပြုံးစိစိနဲ့ နှစ်ထောင်းအားရ ဖြစ်မှာ ဖြစ်ကြောင်း တင်ဆက်လိုက်ရပါတယ်။

နောက်ဆုံးတစ်ပုဒ်အနေနဲ့ လူရွင်တော် အောင်သော် ဦးစီးတဲ့ “နွေဦးကာရံ ဒေါင်းတို့အားမာန်” အငြိမ့် ထိုင်းနိုင်ငံ ဖန်ငမြို့တွင် ကပြေဖျော်ဖြေနေတဲ့အကြောင်းလေး မျှဝေပေးချင်ပါတယ်။ လူရွှင်တော် ရွှေဖလားဆုရ 5 star အဖွဲ့ထဲက လူရွင်တော် အောင်သော် ဟာ နွေဦးတော်လှန်ရေးစချိန် ကတည်းက နေ အခုချိန်ထိ တော်လှန်ရေးမှာ စိတ်ရော ကိုယ်ပါ ပါဝင်ကြိုးစားနေသူ တစ်ဦးဖြစ်ပါတယ်။ သူတတ်တဲ့ ဟာသ အနုပညာများဖြင့် တော်လှန်ရေးကို ပါဝင်အားဖြည့် ကူညီနေသူပါ။ အခု သူဦးစီးထူထောင်ထားတဲ့ “နွေဦးကာရံ ဒေါင်းတို့အားမာန်” ဆိုတဲ့ အငြိမ့်ဟာ ထိုင်းနိုင်ငံထဲက လှည့်လည် တင်ဆက်နေတာ ဖြစ်ပါတယ်။ အခုအခါမှာတော့ ထိုင်းတောင်ပိုင်းက ဖန်ငမြို့မှာ ကပြဖျော်ဖြေနေတာ ဖြစ်ပါတယ်။ ပွဲမစခင် ပုံများကို ဦးအောင်သော် ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ တင်ထားတာကို တွေရှိရပါတယ်။ ဒီနေ့တော့ ဒီလောက်နဲ့ပဲ တော်လှန်အနုပညာသတင်းများကို ရပ်နားပါရစေ။

Written by: w2w

Previous post

labelMusic todaySeptember 21, 2024

Maryland မှာ အဆိုတော် အေးချမ်းမေ ရဲ့ “တော်လှန်မွေးနေ့ ” ဖျော်ဖြေပွဲ ကျင်းပမည်။

Maryland မှာ အဆိုတော် အေးချမ်းမေ ရဲ့ “တော်လှန်မွေးနေ့ ” ဖျော်ဖြေပွဲ ကျင်းပမည်။စက်တင်ဘာ ၁၂၊၂၀၂၄။ Maryland Music Concert ရဲ့ Vol:2 နောက်တစ်ပွဲဖြစ်တဲ့ အဆိုတော် အေးချမ်းမေ ရဲ့ “တော်လှန် မွေးနေ့” 50 Milestones One Lady Show ကြီးကို နိုဝင်ဘာလ ၂ ရက် [...]

Read more


Similar posts

labelDaily News todayDecember 20, 2024

“စက္ကူလေယာဥ်”ရုပ်ရှင်ပြပွဲ စင်္ကာပူမှာဒီဇင်ဘာ ၂၂ရက်နေ့

ဒီဇင်ဘာ ၂၂ရက်နေ့မှာ “စက္ကူလေယာဥ်”ရုပ်ရှင်ပြပွဲ စင်္ကာပူမှာထပ်မံပြသသွားမှာဖြစ်လို့ စင်္ကာပူကတော်လှန်မိတ်ဆွေများပူးပေါင်းပါဝင်နိုင်ကြဖို့ ထပ်မံဖိတ်ခေါ်ပါတယ်။ လက်မှတ်တွေကိုလည်း အောက်မှာဖော်ပြထားတဲ့လင့်မှဝယ်ယူနိုင်သလိုပြသတဲ့နေ့ရုပ်ရှင်ရုံ မှာလည်းတိုက်ရိုက်ဝယ်ယူနိုင်ပါတယ်။ ရုပ်ရှင်ကလာမည့် ဒီဇင်ဘာ ၂၂ရက်(တနင်္ဂနွေနေ့)၊ နေ့လည်၁၂နာရီခွဲအချိန်မှာ စင်္ကာပူနိုင်ငံ၊ Carnival ရုပ်ရှင်ရုံမှာ ပြသသွားမှာဖြစ်ပါတယ်။ လက်မှတ်ဝယ်ယူရန်                                                                                                     https://carnivalcinemas.sg/… Photo Credit: Shwe TV

Read more

labelDaily News todayDecember 20, 2024

Art of Universe မှMedical Coverအတွက် ကားတစ်စီးလှူဒါန်း။

ဒီဇင်ဘာ၂၀၊၂၀၂၄။ Art of Universe မှ မြောင်နယ် ၊ မြင်းခြံနယ်တို့ကို Medical Cover ပေးနေသော Justice for freedom ဆေးအဖွဲ့အတွက် ကျပ်သိန်း ၂၅၀ တန်ဖိုးရှိ ကားတစ်စီး လှူဒါန်းခဲ့ကြောင်း Art of Universe ရဲ့ Facebook Page မှတဆင့် ပရိသတ်ကို အသိပေးထားပါတယ်။ “Medical Cover အတွက်လိုအပ်နေလျက်ရှိတဲ့ ကားလေးကို ဖြည့်ဆည်းပေးနိုင်တဲ့ အတွက် ဆေးကုသရေးလုပ်ငန်းမှာ အထောက်အကူအများကြီးဖြစ်မယ်လို့ မျှော်လင့်” ကြောင်း Art of Universe အဖွဲ့သားတွေကပြောပါတယ်။ Photo Credit: Art of Universe

Read more

Post comments (0)

Leave a reply

Your email address will not be published. Required fields are marked *

© 2025 Win Win Entertainment. All Rights Reserved.

Facebook | Youtube