Music

MMC 2024 Virtual Live Show ကြည့်နည်း လမ်းညွှန်

todaySeptember 21, 2024

Background

MMC 2024 Virtual Live Show ကြည့်နည်း လမ်းညွှန်

စက်တင်ဘာ ၊ ၂၁

တော်လှန်အနုပညာရှင်တွေရဲ့ အနုပညာရသစစ်စစ်ကို

လိပ်ပြာသန့်သန့်နဲ့ တော်လှန်ရင်း ခံစားနားဆင်နိုင်မယ့် MMC 2024 Virtual Live Show ကြီးကိုတော့

Maryland Music 2024 ပွဲကြီးမှာ ပါဝင်ဖျော်ဖြေခဲ့တဲ့ အဆိုတော်အများကြီးရဲ့ သီဆိုဖျော်ဖြေမှုတွေကို Online ကနေ စက်တင်ဘာလ ၂၁ရက် စနေနေ့

မြန်မာစံတော်ချိန် ည(၇)နာရီမှာ ကြည့်ရှုနိုင်တော့မှာမို့ ဖျော်ဖြေပွဲ ကြည့်နည်းများကို လမ်းညွှန်ပေးထားပါတယ်။

(၁) ဖုန်း သို့မဟုတ် ကွန်ပြူတာ browser မှာ https://mmconcert2024.com ရိုက်ထည့်လိုက်ပါ။

(၂) ‘Code ရိုက်ထည့်ရန်’ နေရာမှာ မိမိဝယ်ယူထားတဲ့ လက်မှတ်မှာ ပါရှိတဲ့ Codeနံပါတ်ကို ရိုက်ထည့်လိုက်ပြီး Enter နှိပ်လိုက်ပါ။

ဒါဆိုရင်တော့ Virtual Live Show ကို စတင်ကြည့်ရှုနိုင်ပါပြီ။လိုင်းအခက်အခဲကြောင့် ဝင်မရဖြစ်နေခဲ့လျင် ခေတ္တစောင့်ဆိုင်းပြီးမှ နောက်တစ်ကြိမ်ပြန်ဝင်ပါ။ တစ်ပါတ်အတွင်း (၃)ကြိမ် ပြန်လည်ကြည့်ရှုလို့ရအောင် စီစဉ်ပေးထားပါတယ်။

အဆိုပါပွဲကရရှိလာမယ့် လက်မှတ်ရောင်းရငွေတွေက လက်မှတ်ရောင်းချပေးတဲ့ Fundraiser တွေကနေတဆင့် မြန်မာပြည်တွင်းက အမှန်တကယ်လိုအပ်နေတဲ့နေရာဒေသတွေဆီ ၁၀၀%တိုက်ရိုက်လွှဲအပ်ရောက်ရှိမှာ ဖြစ်တာမို့ အနုပညာစစ်စစ်များကို အားပေးကြည့်ရှုရင်း အမိမြန်မာပြည်အတွက် ပါဝင်လိုက်ကြရအောင် သတင်းကောင်းပါးလိုက်ပါတယ်။

Written by: w2w

Post comments (0)

Leave a reply

Your email address will not be published. Required fields are marked *

© 2025 Win Win Entertainment. All Rights Reserved.

Facebook | Youtube