Music

Maryland မှာ အဆိုတော် အေးချမ်းမေ ရဲ့ “တော်လှန်မွေးနေ့ ” ဖျော်ဖြေပွဲ ကျင်းပမည်။

todaySeptember 21, 2024

Background

Maryland မှာ အဆိုတော် အေးချမ်းမေ ရဲ့ “တော်လှန်မွေးနေ့ ” ဖျော်ဖြေပွဲ ကျင်းပမည်။
စက်တင်ဘာ ၁၂၊၂၀၂၄။

Maryland Music Concert ရဲ့ Vol:2 နောက်တစ်ပွဲဖြစ်တဲ့ အဆိုတော် အေးချမ်းမေ ရဲ့ “တော်လှန် မွေးနေ့” 50 Milestones One Lady Show ကြီးကို နိုဝင်ဘာလ ၂ ရက် (စနေနေ့)တွင် Maryland မှာ ကျင်းပဖျော်ဖြေသွားမယ်လို့ သိရပါတယ်။
50 Milestones One Lady Show ပွဲကြီးမှာ စုံတွဲသီဆိုဖျော်ဖြေမှုအဖြစ် အဆိုတော် ဖိုးဖန်၊ Cobra၊ ကျော်သီဟ၊ Leo၊ လင်းထက်၊ Russell၊ Solomon King နဲ့ Yan Yan Chan တို့က ပါဝင်အားဖြည့်သီဆိုပေးမှာဖြစ်ပြီး The Federal Band နဲ့ D.J Wine တို့က တီးခတ်ပေးကြမှာဖြစ်ပါတယ်။
တော်လှန်အနပညာရှင် အဆိုတော်အေးချမ်းမေရဲ့ မွေးနေ့အမှတ်တရအဖြစ် ပြုလုပ်တဲ့ One Lady Show ပွဲကြီးအတွက် လက်မှတ်တွေကို စတင်ရောင်းချတော့မှာဖြစ်လို့ DMV Area နဲ့ အခြားStateတွေကပါ လက်မှတ်ဝယ်ယူအားပေးပြီး ဝန်းရံကြဖို့ ဖိတ်ခေါ်ထားပါတယ်။
ဖျော်ဖြေပွဲအတွက် လက်မှတ်တွေကို $ 100 နဲ့ $50 နှစ်မျိုး သတ်မှတ်ထားပြီးအသက် ၁၀ နှစ်အောက် ကလေးများအတွက် လက်မှတ်ဝယ်စရာမလိုတာမို့ မိသားစုလိုက် လာရောက်အားပေးလို့ရပါတယ်။
အဆိုပါဖျော်ဖြေပွဲကို နိုဝင်ဘာလ ၂ ရက် (စနေနေ့) ညနေ (၆)နာရီမှာ စတင်ဖျော်ဖြေမှာဖြစ်ပြီး ပွဲမစခင် နေ့လည် (၃)နာရီကနေစပြီး Kids Menu အပါအင်အစားအသောက်မျိုးစုံလည်း ရောင်းချပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။
ဒီပွဲကနေ ရရှိလာတဲ့ အကျိုးအမြတ် ၁၀၀% ကိုတော့
အမိမြန်မာပြည်မှာ လိုအပ်နေတာတွေကို ကူညီဖို့ အပြည့်အဝပို့ဆောင်သွားမှာဖြစ်ပါတယ်။
ဒါကြောင့် မယ်ရီလန်းနဲ့ အနီးတဝိုက်မှာ ရှိတဲ့ တော်လှန်ပြည်သူ တော်လှန်ပရိတ်သတ်များအနေနဲ့ Maryland Music Concert က တမူထူးခြားပြီး ခမ်းခမ်းနားနားတင်ဆက်ပေးသွားမယ့် တော်လှန် အနုပညာရှင် အဆိုတော်အေးချမ်းမေရဲ့ Stage Show အရသာအပြည့်အဝကို ခံစားရမယ့် “တော်လှန်မွေးနေ့‌” ဂီတဖျော်ဖြေပွဲကို သွားရောက်အားပေးကြဖို့ သတင်းကောင်း ပါးလိုက်ရပါတယ်။

📌 ပွဲလုပ်မယ့်နေရာလေးက
🚕 Wheaton High School Theater
12401 Dalewood Dr
Silver Spring , MD 20906

🎫 လက်မှတ်တွေကို
📌 Ko Yin Htwe
301 520 4160
📌 Ko Sa Man
240 586 0171
📌 Ko Phyo
240 454 4152
📌 Ma Nay Nay
240 515 1663
တို့ဆီမှာ ဆက်သွယ်ဝယ်ယူနိုင်ပါတယ်။

Written by: w2w

Previous post

labelMusic todaySeptember 21, 2024

ရုံပြည့် ရုံလျှံ အားပေးခဲ့ကြတဲ့ ချမ်းချမ်းရဲ့ ဂျပန်နိုင်ငံ ပွဲဦးထွက်တိုကျိုဖျော်ဖြေပွဲ

ရုံပြည့် ရုံလျှံ အားပေးခဲ့ကြတဲ့ ချမ်းချမ်းရဲ့ ဂျပန်နိုင်ငံ ပွဲဦးထွက်တိုကျိုဖျော်ဖြေပွဲ စက်တင်ဘာ၊ ၁၇ ဂျပန်နိုင်ငံမှာ စက်တင်ဘာလ ၁၅ ရက်နေ့က ပြုလုပ်တဲ့ Chan Chan Charity Concert ပွဲမှာတော့ တော်လှန်အနုပညာရှင် အဆိုတော်ချမ်းချမ်းရဲ့ ပွဲဦးထွက်တိုကျိုပွဲ ဖျော်ဖြေပွဲမှာ ပရိသတ် ၁၅၀၀ ကျော်နဲ့ ရုံပြည့်ရုံလျှံအားပေးခဲ့ကြကြောင်း သိရပါတယ်။ ချမ်းချမ်းက “ပရိသတ် အား [...]

Read more

Post comments (0)

Leave a reply

Your email address will not be published. Required fields are marked *

© 2025 Win Win Entertainment. All Rights Reserved.

Facebook | Youtube