htetlinko

52 Results / Page 2 of 6

labelDaily News todayDecember 18, 2024

NYC Music Concertမှရရှိသောအကျိုးအမြတ်များ အမျိုးသားညီညွတ်ရေးအစိုးရသို့လှူဒါန်း။

ဒီဇင်ဘာ၁၈၊၂၀၂၄။ နယူးယောက်မြို့အခြေစိုက် NYCBC အဖွဲ့ကြီးက ကြီးမှုးကျင်းပခဲ့သည့် NYC Music Concert ရံပုံငွေဂီတဖျော်ဖြေပွဲ ကြီးမှရရှိခဲ့သောအမြတ်ငွေများကိုမြန်မာပြည်တွင်းနှင့် နယ်စပ် တလျှောက် မှာရှိသည့် စစ်ဘေးရှောင်နှင့်ရေဘေးပြန်လည်ထူထောင်ရေးများသို့ ပေးပို့လှုဒါန်းလျှက်ရှိကြောင်း NYCBC Page မှတဆင့်ပရိသတ်ကိုအသိပေးထားပါတယ်။ NYC Music Concert ရံပုံငွေဂီတဖျော်ဖြေပွဲ ကြီးမှရရှိခဲ့သောအမြတ်ငွေရဲ့ ပထမအကြိမ်လှူဒါန်းမှု အဖြစ်အမျိုးသားညီညွှတ်ရေးအစိုးရ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာနသို့ အမေရိကန်ဒေါ်လာ တစ်သောင်းတိတိကို NYCBC အဖွဲ့လှူဒါန်းခဲ့ပြီး အမျိုးသားညီညွှတ်ရေးအစိုးရ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာနမှ ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ခဲ့ပါတယ်။ ဆက်လက်ပြီး NYCBC ယခုလှူဒါန်းထောက်ပို့မှုဟာ မေတ္တာဖြင့်လာရောက်ပူးပေါင်းပါဝင်ပေးသော ပြည်သူချစ်အဆိုတော်များ ဂီတအနုပညာရှင် အတတ်ပညာရှင်များ နယူးယောက်နှင့် အမေရိကန် ပြည်ထောင်စုတဝှမ်းမှ ထောက်ပို့ပြည်သူများ ...

Read more

labelDaily News todayDecember 17, 2024

အဆိုတော်‌ဆောင်းဦးလှိုင် Shizuoka ဂီတဖျော်ဖြေပွဲလက်မှတ်များဝယ်ယူနိုင်ပြီ။

ဒီဇင်ဘာ၁၇၊၂၀၂၄။ အဆိုတော်ဆောင်းဦးလှိုင်ရဲ့ “ကူညီစာနာပြည်မြန်မာ”ဂျပန်ဂီတဖျော်ဖြေပွဲခရီးစဉ် Shizuoka ဂီတဖျော် ဖြေပွဲအတွက်ပွဲလက်မှတ်တွေဝယ်ယူအားပေးနိုင်ပြီဖြစ်ပါတယ်။ ဂီတဖျော်ဖြေပွဲကိုလာမည့် ဒီဇင်ဘာလ၂၂ရက်(တနင်္ဂနွေ)နေ့ Shizuoka City Culture Hall မှာ နေ့လည်၁၂နာရီမှ ညနေ၄နာရီအချိန်ထိကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နာဂိုရာနှင့်တိုကျိုဂီတဖျော်ဖြေပွဲများမှာလည်း ပရိသတ်အများအပြားဝန်းရံအားပေးခဲ့ကြပြီး တော်လှန်ရန်ပုံငွေများစွာရှာဖွေနိုင်ခဲ့ပါတယ်။

Read more

labelDaily News todayDecember 17, 2024

The Voice of Freedom – Karenni Idol ရဲ့ သီချင်းဆိုပြိုင်ပွဲ Voting များ ပေးနိုင်ပြီ

The Voice of Freedom – Karenni Idol ရဲ့ သီချင်းဆိုပြိုင်ပွဲ တိုက်ရိုက်ထုတ်လွှင့်ခြင်းအစီအစဉ်ကို တင်ဆက်ခဲ့ပြီး ပရိသတ်တွေအနေနဲ့ မိမိတို့နှစ်သက်တဲ့ ပြိုင်ပွဲဝင်တွေကိုရွေးချယ်ကာ Voting များ ပေးနိုင်ပြီဖြစ်ပါတယ်။ ပရိသတ်တွေအနေနဲ့ မိမိတို့ချစ်ခင်နှစ်သက်အားပေးတဲ့ပြိုင်ပွဲဝင်တွေကိုပြိုင်ပွဲဝင်အမှတ်စဉ်နဲ့အတူ Website စာမျက်နှာမှတဆင့်သော်လည်းကောင်း၊​ NUG Pay သို့ SDB Bank များမှတဆင့် Voting များသွားရောက်ပေးနိုင်ပြီဖြစ်ပါတယ်။ Vote ပေးရန် Website – https://thevoiceoffreedom.net/Website မှ Vote ပေးနည်းလမ်းညွှန် – https://fb.watch/wvPQJLLuKv/ YouTube – https://www.youtube.com/@TVOFreedomTikTok – https://www.tiktok.com/@the.voice.of.free…Facebook – https://www.facebook.com/TVoFreedom/ #Crd_TheVoiceOfFreedom 

Read more

labelDaily News todayDecember 15, 2024

“စက္ကူလေယာဥ်”ရုပ်ရှင်လက်မှတ်များဝယ်ယူနိုင်ပြီ။

ဒီဇင်ဘာ၁၅၊၂၀၂၄။ ပရိသတ်တောင်းဆိုမှုကြောင့် ဒုတိယအကြိမ်ထပ်မံပြသမည့် “စက္ကူလေယာဥ်”ရုပ်ရှင်ပြ ပွဲအတွက် ကြိုတင်လက်မှတ်များ ဝယ်ယူနိုင်ပြီဖြစ်ပါတယ်။ ရုပ်ရှင်အတွက်ကြိုတင်လက်မှတ်တွေကိုတော့Peninsula Plaza ၅ ထပ်“ရေချမ်းစင်” နဲ့ Peninsula Plaza Basement 1“ရနံ့သစ်” တို့မှာစနေ နှင့် တနင်္ဂနွေ နေ့များ တွင် စုံစမ်းဝယ်ယူနိုင်ပါတယ်။ ရုပ်ရှင်ကိုလာမယ့် ဒီဇင်ဘာလ၂၂ရက်နေ့ Carnival ရုပ်ရှင်ရုံမှာထပ်မံပြသသွားမှာဖြစ် ပြီးလက်မှတ်တွေကို ရုပ်ရှင်ရုံမှာလဲ တိုက်ရိုက်ဝယ်ယူကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

Read more

labelDaily News todayDecember 13, 2024

“အားပေးဖော်”ဇာတ်လမ်းတို မကြာခင်ကြည့်ရှု့နိုင်မည်။

ဒီဇင်ဘာ၁၂၊၂၀၂၄။ ဇာတ်လမ်း၊ဇာတ်ညွှန်း၊ဒါရိုက်တာအဖြစ် သားအောင်ဆက်ကိုယ်တိုင်ရိုက်ကူးထားတဲ့ “အားပေးဖော်” ဇာတ်လမ်းတိုကို လာမည့် ဒီဇင်ဘာလ ၁၄ရက်နေ့မှာ ပရိသတ်များခံစားကြည့်ရှုနိုင်မှာဖြစ်ကြောင်း သားအောင်ဆက်က သူ့ရဲ့ Facebook လူမှုကွန်ရက်စာမျက်နှာမှ ပရိသတ်ကိုအသိပေးထားပါတယ်။ “Spring Film Academy နွေဦးရုပ်ရှင်ကျောင်း၏ Diploma Project(Group A) ဇာတ်လမ်းတို “အားပေးဖော်” ကို December 13 ရက်နေ့ ကျောင်း Film Festival ပွဲအပြီး နောက်တနေ့ December 14 ရက်နေ့ မြန်မာစံတော်ချိန် ည(၇) နာရီ”မှာသားအောင်ဆက်က သူ့ရဲ့ Facebook လူမှုကွန်ရက်စာမျက်နှာမှ ဖော်ပြပေးသွားမည်ဖြစ်ကြောင်းနဲ့ ဒီ”အားပေးဖော်” ဇာတ်လမ်းတို Video မှ ရရှိလာမည့် Digital Incomes (Stars, ...

Read more

labelDaily News todayDecember 13, 2024

“နွေဦးလမ်းမှာ ဝေတဲ့ပန်းတွေ” စာအုပ် Sydney မှာဝယ်ယူနိုင်ပြီ။

ဒီဇင်ဘာ၁၂၊၂၀၂၄။ ဆရာမ Mystery ရဲ့ “နွေဦးလမ်းမှာ ဝေတဲ့ပန်းတွေ” စာအုပ်တွေကို $25 ဖြင့် Sydney မှာဝယ်ယူရရှိ နိုင်ပြီဖြစ်ပါတယ်။ လက်ရှိမှာ Sydney ရဲ့ Asian Hub Myanmar Groceries ဆိုင်နဲ့ Su Sydneyတို့မှာဝယ်ယူနိုင်သလို Sydney Friends for Myanmar Unity ကိုလည်း ဆက်သွယ်မှာယူလို့ရကြောင်း သိရပါတယ်။ ဒီဇင်ဘာလ၇ရက်နေ့က အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့မှာကျင်းပပြုလုပ်ခဲ့တဲ့  Fight Delta Fight  တော်လှန်ရုပ်ရှင်ပြပွဲမှာလဲ အဆိုပါ“နွေဦးလမ်းမှာ ဝေသောပန်းများ” စာအုပ်မိတ်ဆက်ပွဲလေး ကိုထည့်သွင်းပြုလုပ်ခဲ့ကြပါတယ်။ လက်ရှိမှာ သြစတေးလျ၊ ကနေဒါ၊ ဖင်လန်၊ ဂျာမဏီ၊ ဂျပန်၊ စင်ကာပူ၊ မလေးရှား၊ နယူးဇီလန်၊ ...

Read more

labelDaily News todayDecember 13, 2024

ဆိုပါစို့ …..

ကိုနေဘုန်းလတ် ရေးသားထားပြီး မြနှင်းရည်လွင် ခံစားရွတ်ဆိုထားတဲ့ မြန်မာ့နွေဦးတော်လှန်ရေးအ တွင်း အကြမ်းဖက်စစ်တပ်ရဲ့ ကမ်းကုန်အောင်ရက်စက်ယုတ်မာမှုတွေအကြောင်းခံပြင်းရေးစပ်ထားတဲ့  “ဆိုပါစို့” ကဗျာကို PVTV မှာကြည့်ရှုနားဆင်နိုင်ပါပြီ…။ ကြည့်ရှုရန်

Read more

labelDaily News todayDecember 13, 2024

အဆိုတော်ကျားပေါက်ရဲ့ “Live Session in Paris” အတွက် လက်မှတ်များဝယ်ယူနိုင်ပြီ။

ဒီဇင်ဘာ၁၂၊၂၀၂၄။ အဆိုတော်ကျားပေါက်ရဲ့  “Live Session in Paris”ကို လာမည့် ဒီဇင်ဘာ ၂၁ရက်နေ့မှာ Online မှ Live တင်ဆက်ပေးသွားမှာဖြစ်ပြီး ကြည့်ရှုလိုသူတွေအနေနဲ့ “Live Session in Paris”လက်မှတ်တွေ ကိုဝယ်ယူနိုင်ပြီဖြစ်ပါတယ်။ လက်မှတ်ဝယ်ယူလိုသူတွေအနေနဲ့ Bipolarbear  Facebook Page Messenger မှဆက်သွယ်ပြီး ဝယ်ယူသူအမည်၊လက်မှတ်အရေအတွက်၊လက်မှတ်ပို့ပေးရမယ့် Email လိပ်စာ၊ဖုန်းနံပါတ် စတဲ့ အချက်အလက်များပို့ပေးပြီး ငွေကြိုချေစနစ်ဖြင့်ဝယ်ယူနိုင်ပြီဖြစ်ပါတယ်။ “Live Session in Paris” အတွက် လက်မှတ်တစ်စောင်လျှင် December 21 ရက်နေ့မှ စတင်ပြီး 2 ပါတ်အတွင်း 3 ကြိမ်အထိ ပြန်လည်ကြည့်ရှုနိုင်မှာဖြစ်ပြီးကြည့်ရှုတဲ့အခါ တစ်ကြိမ်လျှင် Device တစ်ခုဖြင့်သာ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ ...

Read more

© 2025 Win Win Entertainment. All Rights Reserved.

Facebook | Youtube