ZENN KYI & CHRISTIAN KYI Charityမှ မြေပြင်အတွက်ကားတစ်စီးလှူဒါန်း။
ဒီဇင်ဘာ၁၂၊၂၀၂၄။ ပြည်သူချစ်တော်လှန်အနုပညာရှင်တွေဖြစ်ကြတဲ့ သရုပ်ဆောင် Zenn Kyi တို့ဇနှီးမောင်နှံတွေရဲ့ ZENN KYI & CHRISTIAN KYI Charity မှ မြေပြင်လိုအပ်ချက်အတွက် ကားတစ်စီးကိုလှူဒါန်းခဲ့ကြပါတယ်။ သရု့ပ်ဆောင် Zenn Kyi က”ဒီကားကို ပြင်ဦးလွင်ဘက်ကိုနှစ်ဆန်းလောက်က လှူဖြစ်တာဖြစ်ကြောင်း၊ ဒီကားနဲ့ စစ်ဘေးသင့်မြေပြင်ပေါ်မှာ အရေးပေါ်ဆေးဝါးကုသရေး(ခွဲစိတ်ကုသမှုအပါအဝင်)သယ်ယူ ပို့ဆောင်ရေးတွေမှာအသုံးချ”တယ်လို့ဆိုပါတယ်။ အရင်ကလည်းအခြားအဖွဲ့တချို့နဲ့ပေါင်းပြီးလှူတာ၂ခေါက်ရှိပြီဖြစ်ကြောင်းနဲ့ ZENN KYI & CHRISTIAN KYI Charity အစီအစဉ်မှာပါဝင်သူအားလုံးကိုကျေးဇူးတင်ကြောင်း သရုပ်ဆောင် Zenn Kyiက သူ့ရဲ့ Facebook လူမှုကွန်ရက်စာမျက်နှာမှတဆင့် ပရိသတ်ကိုပြောပါတယ်။ Photo Credit: Zenn Kyi