htetlinko

52 Results / Page 4 of 6

labelDaily News todayDecember 5, 2024

“နေသာတဲ့နေ့”တေးရုပ်ရှင် Massachusetts တွင်ပြသမည်။

ဒီဇင်ဘာ၅၂၀၂၄။ ဒါရိုက်တာမန်းသက်ဝင်းပြန်လည်ရိုက်ကူးပုံဖော်ထားတဲ့ “နေသာတဲ့နေ့”တေးရုပ်ရှင်ကို Massachusetts တွင်ပြသတော့မှာဖြစ်ကြောင်း Boston Free Burma ကနေဖော်ပြထားပါတယ်။ တေးပြဇာတ်တစ်ပုဒ်မှ ရုပ်ရှင်အဖြစ်ပြန်လည်ပုံဖော်ရိုက်ကူးတင်ဆက်ထားတဲ့ “နေသာတဲ့နေ့”တေးရုပ် ရှင်မှာတော့ အမေရိကားရောက် တော်လှန်ညီကိုမောင်နှမတွေ ပါဝင်အားဖြည့်ရိုက်ကူးထားပြီး Massachusetts မှာပြသသွားမယ့် ပွဲလေးအကြောင်းကိုလည်း win win entertainment မှ အချိန်နှင့် တပြေးညီပြန်လည်တင်ပြသွားမှာဖြစ်လို့ စောင့်မျှော်အားပေးကြဖို့ဖိတ်ခေါ်လိုက်ပါတယ်။

Read more

labelDaily News todayDecember 3, 2024

အဆိုတော်ဖြူဖြူကျော်သိန်း ပါရီဂီတဖျော်ဖြေပွဲသို့ မြန်မာပရိသတ်အများအပြားလာရောက်အားပေး။

ဒီဇင်ဘာ၃၊၂၀၂၄။ ပြီးခဲ့တဲ့နိုဝင်ဘာ၃၀ရက်(စနေနေ့)က ပြင်သစ်နိုင်ငံ ပါရီမြို့မှာပြုလုပ်တဲ့ ဂီတဖျော်ဖြေပွဲမှာ အဆိုတော် ဖြူဖြူကျော်သိန်းက မြန်မာ၊အင်္ဂလိပ်၊ ပြင်သစ် စတဲ့သီချင်း၃ပုဒ်နဲ့ပါဝင်ဖျော်ဖြေခဲ့ပြီး မြန်မာ ပရိသတ် အများ အပြားလာရောက်အားပေးခဲ့ကြပါတယ်။ အဆိုပါ ပါရီမှာပြုလုပ်တဲ့ ဂီတဖျော်ဖြေပွဲသို့ ပြင်သစ်နိုင်ငံမှ မြန်မာပရိသတ်များအပြင် New York, London, Belgium, Bangkok, Luxembourg တို့မှ ပရိသတ်များလည်း ရထားတတန်၊ လေယာဉ်တတန်နဲ့ လာရောက်အားပေးခဲ့ကြပြီး သူမအတွက် မြန်မာအစားအ စာတွေနဲ့ လက်ဆောင် တွေလည်း တကူးတကယူလာပေးခဲ့ကြကြောင်း အဆိုတော်ဖြူဖြူကျော်သိန်းက သူမရဲ့ Facebook လူမှုကွန်ရက်စာမျက်နှာမှာပြောထားပါတယ်။ ဆက်လက်ပြီး သူမက အခုလိုတကူးတကလာရောက်အားပေးခဲ့ကြတဲ့ ပရိသတ်တွေနဲ့ လက်‌ဆောင် ပစ္စည်းလေးတွေပေးခဲ့ကြတဲ့ ပရိသတ်တွေအားလုံးကို ကျေးဇူးတင်ရှိကြောင်းကိုလည်း ပြောထားပါ တယ်။ ...

Read more

labelDaily News todayDecember 1, 2024

​​“မြန်မာပြည်ရေဘေး စစ်ဘေးရှောင်ကူညီရေးနှင့် ပြန်လည်ထူထောင်ရေး ရံပုံငွေဂီတပွဲ”အောင်မြင်စွာကျင်းပ။

ဒီဇင်ဘာ၂၊၂၀၂၄။ ​​“မြန်မာပြည်ရေဘေး စစ်ဘေးရှောင်ကူညီရေးနှင့် ပြန်လည်ထူထောင်ရေး ရံပုံငွေဂီတပွဲ”ကို နိုဝင်ဘာ၃၀ရက်နေ့ က NYCBC အဖွဲ့မှဦးဆောင်ပြီး နယူးယောက်မြို့ Queens Theatre ပြဇာတ်ရုံကြီးတွင် အောင်မြင်စွာကျင်းပ နိုင်ခဲ့ကြပါတယ်။ ဒီပွဲမှာ အဆိုတော်များဖြစ်သော R ဇာနည် ၊ X-BOXIN ၊ Leo ၊ မောင်မောင်အေး ၊ ကျော်သီဟ ၊ ဝင်းနိုင်စိုး ၊ နင်ဇီမေ နှင့် Dancer Su Thiri San ၊ Old Skools Band ၊ DJ idyllic အဖွဲ့သားများ ပါဝင်အားဖြည့်ထားကြပြီး ဂီတဖျော်ဖြေပွဲနှင့်အတူ လေလံပစ္စည်းများကို လေလံအောင်သူများသို့ ပေးအပ်ခြင်းနှင့် အလှူရှင်များအား ...

Read more

labelDaily News todayNovember 30, 2024

“ပဲရစ်မြို့ကိုရမယ်ဆိုတောင် မင်းနဲ့မလဲနိုင်ဘူး”

ဒီနေ့ညနေခင်း ပါရီပွဲမှာမြန်မာသီချင်း၊ အင်္ဂလိပ်သီချင်းနဲ့ ပြင်သစ်သီချင်း ၃ပုဒ်သီဆိုသွားမှာပါ။ ဒီထဲကပြင်သစ်သီချင်းလေးက သူမသီဆိုဖို့သီးသန့်ရေးပေးထားတာဖြစ်ပြီး ပွဲပြီးသွားရင်လဲ နောက်ထက် ဗားရှင်း၂မျိုးနဲ့ ခံစားနားဆင်ကြရအုံးမှာပါ။ ပြီးတော့ ဖြူဖြူက ဒီနေ့ညနေခင်းမှာ ပါရီမြို့ထဲက Théâtre de la Ville ဆိုတဲ့ ပြဇာတ်ရုံမှာ မြန်မာပြည်အကြောင်း မသိသေးတဲ့ ပြင်သစ်သူပြင်သစ်သားတွေကို ပြင်သစ်ဘာသာနဲ့ စကား တွေပြောအုံးမှာပါနော်။ Photo Credit By Phuy Phyu Kyaw Thein #အနုပညာကိုအကျဉ်းချမရ

Read more

labelDaily News todayNovember 30, 2024

ပရိသတ်အားပေးမှုကြောင့် ဒုတိယအကြိမ် ထပ်မံပြသသွားမည့် “စက္ကူလေယာဥ်”ရုပ်ရှင်။

နိုဝင်ဘာ၃၀၊၂၀၂၄။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၉ရက်နေ့နှင့် ၁၀ရက်နေ့က စင်္ကာပူနိုင်ငံ Carnival ရုပ်ရှင်ရုံမှာ “စက္ကူလေယာဥ်” ရုပ်ရှင်ကို ၂ရက်အတွင်း ပွဲချိန် ၄ချိန်ခွဲကာပြသခဲ့ပြီး ပရိသတ်အများအပြားလာရောက်အားပေးခဲ့ကြပါ တယ်။ယခုအချိန်မှာတော့ စင်္ကာပူမှပရိသတ်တွေရဲ့တောင်းဆိုမှုကြောင့် “စက္ကူလေယာဥ်”ရုပ်ရှင်ကို ဒုတိယအ ကြိမ် ထပ်မံပြသသွားမှာပဲဖြစ်ပါတယ်။ ရုပ်ရှင်ကိုလာမည့်ဒီဇင်ဘာလ ၂၂ရက်နေ့ နေ့လည် ၁၂နာရီခွဲအချိန်မှာ Carnivalရုပ်ရှင်ရုံမှာပြသသွားမှာ ဖြစ်ပြီး လက်မှတ်တွေကိုတော့ မနက်ဖြန် ဒီဇင်ဘာလ ၁ရက်နေ့မှာပြုလုပ်မည့် “ဆုံရပ်” စျေးရောင်းပွဲ Event လေးမှာ ရောင်းချပေးသွား မှာပဲဖြစ်ပါတယ်။ဈေးရောင်းပွဲကိုမလာနိုင်တဲ့သူတွေအတွက်လဲ အွန်လိုင်းမှရောင်းချပေးသွားမှာဖြစ်ပါတယ်။ “စက္ကူလေယာဥ်”ရုပ်ရှင် အမှတ်တရ တီရှပ်လေး တွေကို အဖြူနဲ့အမဲ အရောင်၂ရောင်ထုပ်လုပ်ထား ပြီး “ဆုံရပ်” Event မှာရော Peninsula Plaza က ...

Read more

labelDaily News todayNovember 30, 2024

အကျိုးအမြတ်အားလုံးပြန်လည်လှူဒါန်းသွားမဲ့ အဆိုတော်ဆောင်းဦးလှိုင်ရဲ့ ဂျပန်နိုင်ငံ ဂီတဖျော်ဖြေပွဲ။

နိုဝင်ဘာ၃၀၊၂၀၂၄။ “ကူညီစာနာပြည်မြန်မာ”ခေါင်းစဉ်ဖြင့်ပြုလုပ်သွားမည့် အဆိုတော် ဆောင်းဦးလှိုင်ရဲ့ ဂျပန်နိုင်ငံ ဂီတဖျော်ဖြေပွဲခရီးစဉ်ကို လာမည့်  ဒီဇင်ဘာလ ၈ရက်နေ့မှာ ဂျပန်နိုင်ငံနာဂိုရာမြို့မှစတင်ကာ ကျင်းပသွားမှာဖြစ်ပြီး ဒီဇင်ဘာလ ၁၅ရက်နေ့နှင့် ၂၂ရက်နေ့တို့မှာလဲ ဂျပန်နိုင်ငံရဲ့ မြို့ကြီးတွေမှာ အသီးသီးဆက်လက်ဖျော်ဖြေတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ လက်ရှိမှာ ဂီတဖျော်ဖြေပွဲလက်မှတ်တွေကို စတင်ရောင်းချပေးနေပြီ Spring Festival က ကူညီ ဆောင်ရွက်ပေးလျှက်ရှိပါတယ်။ဂီတဖျော်ဖြေပွဲအတွက် စပွန်ဆာပေးတဲ့ လုပ်ငန်းရှင်များနှင့် စေတ နာရှင်များကိုလည်း အဆိုတော်ဆောင်ဦးလှိုင်ကကျေးဇူးတင်စကားပြောကြားထားပြီး ရရှိလာတဲ့ အကျိုးအမြတ်အားလုံးကို မြန်မာပြည်အတွက်သာ ပြန်လည်လှူဒါန်းသွားမှာဖြစ်ကြောင်းနဲ့ သူကိုယ် တိုင်လဲ မိမိစရိတ်ကိုမိမိဘာသာစိုက်ထုတ်ကာ လုပ်ဆောင်တာဖြစ်ကြောင်းပရိသတ်ကိုအသိပေးထား ပါတယ်။ ဆက်လက်ပြီးအဆိုတော်ဆောင်းဦးလှိုင်က အမိမြန်မာပြည်အတွက်ကူညီရေးရုန်းကန်လှုပ်ရှားနေရတာ ကြောင့်ရှင်သန်နေထိုင်ရာ USA အတွက်သွေးလှူဘဏ်မှာ စေတနာ့ဝန်ထမ်းတစ်ပိုင်းအလုပ်ကိုလုပ်ပြီး အခုအနားယူထားရကြောင်းနှင့်တာဝန်မကျေတဲ့ အခွင့်အရေးသမားဖြစ်သွားမှာကို လောကကြီးထဲ သူအကြောက်ဆုံးဖြစ်ကြောင်း သူ့ရဲ့ ...

Read more

labelUncategorized todayNovember 30, 2024

Live session in Paris Ticket number လေးတွေဖြင့် မဲဖောက်ပေးမည်။

နိုဝင်ဘာ၃၀၊၂၀၂၄။ ဒီဇင်ဘာ ၂၁ မှာကျင်းပမည့် အဆိုတော်ကျားပေါက်ရဲ့  LIVE SESSION IN PARIS Streamingရဲ့  ticket number လေးတွေကို ပြန်လည်မဲဖောက်ပေးသွားမှာဖြစ်ပါတယ်။ ဆုမဲတွေအဖြစ် Doodle T shirts နဲ့ လက်မှတ်ထိုးထားတဲ့ The Odyssey စာအုပ် တွေ ပြန်လည် မဲဖောက်ပေးသွားမှာဖြစ်တယ်လို့ အဆိုတော်ကျားပေါက်က Facebook လူမှုကွန်ရက် စာမျက်နှာ ကတဆင့် ပရိသတ်တွေကို အသိပေးထားပါတယ်။ လက်မှတ်ဝယ်ယူထားသူတွေအနေနဲ့ kyarpauk website မှာ ၂ ပါတ်အတွင်း အတွင်း ၃ ခါ ပြန်ကြည့်လို့ရမှာဖြစ်ပြီး ဇန်နဝါရီလ ၇ ရက်နေ့အထိ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ လက်မှတ်မဝယ်ယူရသေးတဲ့ ပရိသတ်တွေအတွက်လဲ လက်မှတ်တွေ ...

Read more

labelDaily News todayNovember 30, 2024

Fight Delta Fight ရုပ်ရှင်ပြပွဲနှင့်အတူ အမှတ်တရ TShirtများ ရောင်းချမည်။

နိုဝင်ဘာ၃၀၊၂၀၂၄။ Fight Delta Fight ရုပ်ရှင်ကို မနက်ဖြန် ဒီဇင်ဘာလ ၁ရက်နေ့ စင်္ကာပူက Carnival ရုပ်ရှင်ရုံမှာမှာ ပြသသွားတော့မှာဖြစ်ပြီး FDF အမှတ်တရ TShirt လေးတွေကို ရောင်းချပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။ T Shirt လေးကို အမဲရောင်တစ်မျိုးတည်းသာ ထုတ်လုပ်ထားကာ Premium Quality ချည်သားကို အသုံးပြုထားတဲ့အပြင်ရွေးချယ်စရာ Size အမျိုးမျိုး ရှိတာကြောင့် မိမိခန္ဒာကိုယ်အချိုးအစားအလိုက် စိတ်တိုင်းကျ ရွေးချယ်ဝတ်ဆင်နိုင်မှာ ဖြစ်ပါတယ်။ တော်လှန်မျက်နှာသစ် အနုပညာရှင်များ ဖန်တီးတင်ဆက်ထားတဲ့ ဇာတ်ကားဖြစ်တဲ့အတွက် လည်း ဒီလို အနုပညာကို လက်ဆင့်ကမ်းဝေမျှချင်ကြတဲ့ သူတွေအနေနဲ့ ဝန်းရံပေးကြဖို့နှင့်လူငယ်တွေအားလုံးရဲ့ ဖန်တီးမှုတွေ၊တော်လှန်လိုစိတ်တွေနဲ့ ပါဝင်ပုံဖော်ကြထား ဇာတ်ကား ဖြစ်လို့ ပြည်သူတွေရဲ့ ချစ်ခြင်း ...

Read more

labelDaily News todayNovember 28, 2024

‘The Last Hospital: 30 Days in Myanmar’ရုပ်ရှင် လန်ဒန်တွင်ပြသမည်။

နိုဝင်ဘာ၂၈၊၂၀၂၄။ ‘The Last Hospital: 30 Days in Myanmar’ရုပ်ရှင်ကို လာမည့် ဒီဇင်ဘာလ ၅ရက်နေ့မှာ လန်ဒန်မြို့ရဲ့ ထိပ်တန်း တက္ကသိုလ်ဖြစ်တဲ့ London School of Hygiene and Tropical Medicine (LSHTM) မှာပြသသွားမှာဖြစ်ပါတယ်။ ဒီရုပ်ရှင်ဟာ ဂုဏ်သိက္ခာကြီးမားတဲ့ International Emmy Award ကိုလည်း မကြာသေးမီက ရရှိထားတာဖြစ်ပြီး မြန်မာပြည်ရဲ့ လက်ရှိ အခက်အခဲတွေကြားက ပြည်သူတွေအပေါ် အသက်ကယ်ပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းတွေရဲ့ အတွေ့အကြုံတွေနဲ့ မြန်မာပြည်သူတွေ ခံစားနေရတဲ့ ဆင်းရဲဒုက္ခတွေကို တစေ့တစောင်း ရိုက်ကူး ပေးထားတာဖြစ်တယ်လို့သိရပါတယ်။ အဆိုပါရုပ်ရှင်ကို Sky News က မြန်မာနိုင်ငံမှာ သွားရောက်ရိုက်ကူးထားတာဖြစ်ပြီး ...

Read more

© 2025 Win Win Entertainment. All Rights Reserved.

Facebook | Youtube