htetlinko

52 Results / Page 5 of 6

labelDaily News todayNovember 28, 2024

𝐋𝐨𝐬𝐞 & 𝐇𝐨𝐩𝐞 – 𝐅𝐢𝐥𝐦𝐒𝐜𝐫𝐞𝐞𝐧𝐢𝐧𝐠 & 𝐊𝐚𝐫𝐞𝐧𝐧𝐢𝐅𝐨𝐨𝐝𝐅𝐚𝐢𝐫မှတော်လှန်ရံပုံငွေ AUD $20,752.45 ရှာဖွေနိုင်ခဲ့။

နိုဝင်ဘာ ၂၈၊၂၀၂၄။ 𝐋𝐨𝐬𝐞 & 𝐇𝐨𝐩𝐞 – 𝐅𝐢𝐥𝐦 𝐒𝐜𝐫𝐞𝐞𝐧𝐢𝐧𝐠 & 𝐊𝐚𝐫𝐞𝐧𝐧𝐢 𝐅𝐨𝐨𝐝 𝐅𝐚𝐢𝐫 မှတော်လှန်ရံပုံငွေ AUD $20,752.45 ရှာဖွေနိုင်ခဲ့တယ်လို့  Support for Myanmar from Australia and Singapore အဖွဲ့က ပရိသတ်ကိုအသိပေးထားပြီး ဒီပွဲကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၄ ရက်နေ့က ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အဆိုပါပွဲမှာ Lose and Hope – Revolution Film Melbourne Screening အား Karenni Federation of Australia နှင့် အတူ ကျင်းပပြုလုပ်ခဲ့ဖြစ်တယ်လို့သိရပြီး တော်လှန်ရေးပန်းချီကားများ လေလံတင်ရောင်းချမှု၊ ...

Read more

labelDaily News todayNovember 28, 2024

“သတ္တိနှင့်ပွင့်လန်းချစ်သောပန်းများ”တော်လှန်ရုပ်ရှင် Buffalo,NY တွင်ပြသမည်။

နိုဝင်ဘာ၂၈၊၂၀၂၄။ “သတ္တိနှင့်ပွင့်လန်းချစ်သောပန်းများ”ရဲ့ တော်လှန်ရုပ်ရှင် ၄ကားကို လာမည့် ဒီဇင်ဘာလ ၁၄ရက်နေ့မှာ Buffalo,NY တွင်ပြသသွားမှာဖြစ်ပါတယ်။ ရုပ်ရှင်ကို ဒီဇင်ဘာ ၁၄ရက်နေ့ ညနေ ၅နာရီမှ စတင်ကာ Bulger Communications Center တွင်ပြသသွား မှာဖြစ်ပြီး ရုပ်ရှင်လက်မှတ်တွေကိုတော့ ဒေါ်လာ၃၀နဲ့ ရောင်းချပေးနေပြီဖြစ်ပါတယ်။ အသက်၁၀ နှစ်အောက်က လေးငယ်တွေအတွက် ဝင်ကြေးအခမဲ့ဖြစ်ပြီး Buffalo မြို့သူ၊ မြို့သားများအနေဖြင့် ဝိုင်းဝန်းအားပေး ကြည့်ရှုကြဖို့ Buffalo Solidarity For Burma Spring အဖွဲ့က ဖိတ်ခေါ်ထားပါတယ်။ လက်ရှိမှာလဲ Buffalo တော်လှန်ရေးမိသားစုတွေမှ ရုပ်ရှင်‌အောင်မြင်စွာပြသနိုင်ရေး နှင့် တော်လှန်ရေးအတွက် အထောက်အကူပြုနိုင်ဖို့ အလှူငွေများ စတင်ထည့်ဝင်လှူဒါန်းလျှက်ရှိနေပြီး Buffalo Solidarity ...

Read more

labelDaily News todayNovember 23, 2024

လန်ဒန်ရုပ်ရှင်ပြပွဲအတွက် ပွဲစီစဉ်သူများကြေငြာ

နိုဝင်ဘာ၂၃၊၂၀၂၄။ လန်ဒန်မှာ လာမယ့် ဒီဇင်ဘာလ ၇ရက် နေ့လည် ၁၂နာရီမှာ ရုပ်ရှင်ကားတစ်ကား ပြသသွား ဖို့ရှိပါတယ်။ ပွဲစီစဉ်သူတွေကတော့ ပြသမယ့်ကားကို ကြေငြာခြင်းမရှိသေးဘဲ ပြသမယ့် ရက်နဲ့ အချိန်ကိုသာ ပရိ သတ်ကိုအသိပေးထားတာဖြစ်ပါတယ်။ လန်ဒန်ကတော်လှန်ပရိသတ်တွေအနေနဲ့ လက်ရှိကမ္ဘာနိုင်ငံအ သီးသီးက မြန်မာပြည်သူတွေရှိရာ လှည့်လည်ပြသနေတဲ့ တော်လှန်ရုပ်ရှင်ကားတွေထဲက ဘယ်ရုပ်ရှင် ကားဖြစ်မလဲဆိုတာ ရင်ခုန်စွာနဲ့ စောင့်မျှော်အားပေးကြရတော့မှာဖြစ်ပါတယ်။ #RevolutionFilm #win_win_entertainment

Read more

labelUncategorized todayNovember 23, 2024

“Joy Fest” ဂီတပွဲတော်တွင် တော်လှန်အနုပညာရှင်လင်းလင်းနှင့် ချစ်သုဝေတို့ဇနီးမောင်နှံတွေ ပါဝင်ဖျော်ဖြေမည်။

နိုဝင်ဘာ၂၃၊၂၀၂၄။ လာမယ့်ဒီဇင်ဘာလ ၃၀ရက် ည ၈နာရီခွဲအချိန်မှာ ကျင်းပပြုလုပ်မယ့် “Joy Fest” ဂီတပွဲတော်မှာ ထိုင်း၊မြန်မာ၊အမေရိကန်က ဂီတပညာရှင်တွေပါဝင်ဖျော်ဖြေသွားမှာဖြစ်ပြီး ပြည်သူချစ် တော်လှန် အနုပညာရှင်တွေဖြစ်တဲ့ အဆိုတော်လင်းလင်းနှင့်သရုပ်ဆောင်ချစ်သုဝေတို့ဇနီးမောင်နှံလည်းပါဝင် ဖျော်ဖြေ တင်ဆက်ပေးသွားမှာပါ။ အဆိုတော်လင်းလင်းနှင့်သရုပ်ဆောင်ချစ်သုဝေတို့အပြင် အခြားမြန်မာတော်လှန်အနုပညာရှင်များစွာ လည်း ပါဝင်ဖျော်ဖြေတင်ဆက်ပေးသွားမှာဖြစ်ပြီး ထိုင်းနှင့်အမေရိကန်တို့မှ အနုပညာရှင်တွေလဲ ပါဝင် ဖျော်ဖြေတင်ဆက်သွားမှာဖြစ်ပါတယ်။ သရုပ်ဆောင်ချစ်သုဝေကတော့ “ဒီပွဲမှာ သီချင်းတွေကပေးတဲ့ အင်အားတွေ ချစ်ခြင်းတရားတွေ ဖေးမမှုတွေ တွေ့ကိုတွေ့ရမှာဖြစ်ပြီး ဒီ concert ကနေ နယ်စပ်တလျောက် မြေပြင် တလျောက် campေတွက ကလေးငယ်လေးတွေရဲ့ art therapy projectတွေကိုစီးဆင်းမှာ”ဖြစ်တယ်လို့ ဆိုပါတယ်။ ပရိသတ်တွေအနေနဲ့လဲ လာမည့်ဒီဇင်ဘာ ၃၀ရက်နေ့မှာပြုလုပ်မယ့် “Joy Fest” ဂီတပွဲတော်မှာပါဝင်ဖို့ ...

Read more

labelUncategorized todayNovember 23, 2024

Lose and Hope တော်လှန်ရုပ်ရှင် သြစတေးလျတွင်ပြသမည်။

နိုဝင်ဘာ၂၃၊၂၀၂၄။ Lose and Hope တော်လှန်ရုပ်ရှင်ကို သြစတျေးလျတွင် နိုဝင်ဘာလ ၂၃ ရက်(စနေနေ့) နေ့ နှင့် ၂၄ရက်(တနင်္ဂနွေ) နေ့ တို့တွင် နှစ်ရက်ဆက်တိုက်ပြသသွားမှာဖြစ်ပါတယ်။ နိုဝင်ဘာ၂၃(စနေနေ့)မှာ Maddington Community Centre, 19 Alcock St, Maddington WA 6109 တွင် နေ့လည် ၁နာရီခွဲမှ စတင်ပြသသွားမှာဖြစ်ပြီး နိုဝင်ဘာ၂၄(တနင်္ဂနွေနေ့)တွင် Monash University, Building 21, Student Threatre, Willington Road, Clayton Campus မှာ နေ့လည် ၁နာရီအချိန်မှ စတင်ပြသသွားမှာဖြစ်ပါတယ်။ ဒါ့ကြောင့် သြစတျေးလျမှာရှိတဲ့ တော်လှန်ပြည်သူများကို Lose and Hope ...

Read more

labelUncategorized todayNovember 22, 2024

မှတ်တမ်းရုပ်ရှင်ကား ၃၀ကျော် ပြသသွားမယ့် “DVB Peacock Film Festival”

နိုဝင်ဘာ၂၂၊၂၀၂၄။ မြန်မာ့မှတ်တမ်း ရုပ်ရှင်ကားပေါင်း ၃၀ ကျော် ပြသသွားမယ့် “DVB Peacock Film Festival” ရုပ်ရှင်ပွဲတော်ကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရဲ့ CIC ခန်းမမှာ လာမည့် ဒီဇင်ဘာလ ၈ ရက်ကနေ ၁၀ ရက်အထိ ပြသသွားမှာဖြစ်ပါတယ်။ အဆိုပါရုပ်ရှင်ပြပွဲမှာမြန်မာ့ဒီမိုကရေစီခရီးလမ်းကြမ်းက သမိုင်းမှတ်တမ်းတွေကို ပုံဖော်ရိုက် ကူးထားတဲ့ DVB Shorts Doc၊ အခက်အခဲတွေကြားက ရှင်သန်နေထိုင်မှုတွေကို ပြည်သူတွေကိုယ်တိုင် ဖော်ထုတ်ရိုက်ကူးထားတဲ့ CJ shorts၊ မြန်မာသတင်းထောက်တွေ ပေးပို့တဲ့ လက်ရှိ ခေတ်နဲ့စနစ်ကို ထင်ဟပ်စေတဲ့ ရုပ်သံဆောင်းပါး News Feature ၊သမိုင်းတွင်တဲ့ မြန်မာ Documentry Filmaker တွေရဲ့ မှတ်တမ်းရုပ်ရှင်တွေ နဲ့ ...

Read more

labelUncategorized todayNovember 21, 2024

ကရင်နီ ဒုက္ခသည်စခန်းမှ လက်မှုစစ်စစ် ချည်လွယ်အိတ်လေးများ ဝယ်ယူအားပေးနိုင်ပြီ။

နိုဝင်ဘာ၂၁၊၂၀၂၄။ ကရင်နီဒုက္ခသည်စခန်း မှ ကရင်နီ ဒုက္ခသည် အမျိုးသမီးများ ကိုယ်တိုင်ရက်လုပ်ထားတဲ့ လက်မှုစစ်စစ် ချည်လွယ်အိတ်လေးတွေကို ဝယ်ယူအား‌ေပးနိုင်ပြီဖြစ်ပါတယ်။ အဆိုပါ လွယ်အိတ်‌ေလး‌ေတွဟာ တစ်လုံးကို ၃ရက်ကနေ ၅ရက်အထိကြာအောင် ယက်လုပ်ကြရတဲ့ လက်မှုပစ္စည်းဖြစ်တဲ့အပြင် လမ်းခရီးအခတ်အခဲများကြားမှ သယ်ယူပို့ဆောင်ရတာဖြစ်လို့ 100% Fully Prepaid ဖြင့် ရောင်းချပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။ အိတ် ၁လုံးကို ထိုင်းဘတ် ၅၀၀ သတ်မှတ်ရောင်းချပေးလျှက်ရှိပြီး ဝယ်ယူလိုသူတွေအနေနဲ့ Broken Dream ရဲ့ Page Messenger မှတဆင့် ဆက်သွယ်ဝယ်ယူနိုင်ပြီဖြစ်ပါတယ်။ Broken Dreams merchandise ကနေ ထုတ်လုပ်ရောင်းချတာမဟုတ်ဘဲ ဒေသခံ ကရင်နီအမျိုးသမီးများအတွက် အလုပ်အကိုင်အခွင့်အလမ်းတခုအနေနဲ့ ကူညီရောင်းချပေးတာဖြစ်ကြောင်းသိရပါတယ်။ #BrokenDreamsFilm #win_win_entertainment #အနုပညာကိုအကျဉ်းချမရ

Read more

labelUncategorized todayNovember 21, 2024

NYC Music Concert အတွက် Old Skools Band မှပါဝင်တီးခက်မည်။

နိုဝင်ဘာ၂၁၊၂၀၂၄။ အဆိုတော် အာဇာနည်နှင့်အတူ တော်လှန်အနုပညာရှင်များစွာပါဝင်ဖျော်ဖြေတင်ဆက်သွားမယ့် NYC Music Show ပွဲကြီးမှာ ပါဝင်တီးခက်ပေးသွားမယ့် Music Band ကတော့ Old Skools Band ဖြစ်ပါတယ်။ Old Skools Band မှာပါဝင်တီးခတ်မယ့် ဂီတပညာရှင်များကတော့ Lead Guitarist – Min Oo ( The Trees Music Band)၊ Bass Guitarist – Salai Tuk Tuk (Chris)၊ Keyboard Player _ Dee Frederick နဲ့ Drummer – Diamond တို့က အင်ပြည့်အားပြည့် ပါဝင်တီးခတ်မှာဖြစ်ပါတယ်။ ...

Read more

labelUncategorized todayNovember 21, 2024

Joy Fest အွန်လိုင်း ဂီတ ရံပုံငွေ ပွဲတော်အတွက် လက်မှတ်များစတင်ရောင်းချ။

နိုဝင်ဘာ၂၁၊၂၀၂၄။ USA ၊ ထိုင်းနှင့် မြန်မာအနုပညာရှင်တွေ ပါဝင်ဖျော်ဖြေတင်ဆက်သွားမယ့် ရန်ပုံငွေဂီတဖျော်ဖြေပွဲကြီး ကိုလာမယ့်နိုဝင်ဘာလ ၃၀ရက် မြန်မာစံတော်ချိန် ည၈နာရီ ၃၀အချိန်မှာ အွန်လိုင်းမှတဆင့် ထုတ်လွှင့် တင်ဆက်ပေးသွားမှာဖြစ်ပြီး ပွဲအတွက်လက်မှတ်တွေကို စတင်‌ရောင်းချပေးနေပြီဖြစ်ပါတယ်။ ပွဲလက်မှတ်တွေကို သက်ဆိုင်ရာနိုင်ငံအလိုက် ငွေကြေးတန်ဖိုးများဖြင့် စတင်ရောင်းချပေးလျှက်ရှိပြီး ဝယ်ယူထားတဲ့လက်မှတ်တွေကို တစ်ပါတ်အတွင်း ၃ကြိမ်ပြန်လည်ကြည့်ရှုလို့ရမှာဖြစ်ပါတယ်။ ဒီအစီအစဥ်ကို ပီတိအိမ် မိသားစုမှ တစ်နှစ်နီးပါးကြာစီစဉ်ဆောင်ရွက်ထားခဲ့တာဖြစ်ပြီး USA ၊ ထိုင်းနှင့် မြန်မာအနုပညာရှင် များအတူလက်တွဲ ပြီး မတူညီတဲ့ မြို့များ မှ ဖျော်ဖြေမည့် အစီအစဥ်ဖြစ်ကာ ပီတိအိမ် ရဲ့ အနုပညာအားဖြင့် ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံအတွင်း ငြိမ်းချမ်းခြင်းနှင့် ပျော်ရွှင်မှုများ မျှဝေနိုင်ရန်လုပ်ဆောင်ကြိုးပမ်းမှုများအားအသိအမှတ်ပြုခြင်း နှင့် ရန်ပုံငွေ ကူညီရန် ...

Read more

© 2025 Win Win Entertainment. All Rights Reserved.

Facebook | Youtube